DVB Logo
Home
မြန်မာသတင်း
မြေလွတ်မြေရိုင်းတွင် စိုက်ပျိုးနေမှုကြောင့် တိရစ္ဆာန်များ စားကျက်ပျောက်မည်ကို ဒေသခံများ စိုးရိမ်
DVB
·
August 12, 2017
မြေလွတ်မြေရိုင်းတွင် စိုက်ပျိုးနေမှုကြောင့် တိရစ္ဆာန်များ စားကျက်ပျောက်မည်ကို ဒေသခံများ စိုးရိမ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွှေဖလားကန်ရွာ၊ မြေလွတ်မြေရိုင်းများအတွင်း

စိုက်ပျိုးရေးဝင်လုပ်လာလျှင် ကျွဲနွားသိုးဆိတ် များစားကျက် ပျောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရွာအုပ်ချုပ်ရေးမှူး ဦးသာပုက “မြေလွတ်မြေရိုင်းတွေကို ဝင်ရောက်လုပ်နေတယ်၊ ကျေးရွာကလူတွေ နွားကျောင်းသားတွေနဲ့ အဲဒီမြေဝင်လုပ်နေသူတွေ ပြဿနာဖြစ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်မှာ စိုးရိမ်လို့ တားနေရတယ်၊ တရားဥပဒေရှိတယ် မလုပ်ကြနဲ့ပြောနေ ရတယ်၊ ဌာနတွေကို စာတင်ထားပေမယ့် ထိရောက်တဲ့ တားမြစ်ပေးမှု မရှိပါဘူး၊ ပြဿနာ အကြီးကြီးဖြစ်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။

ရပ်မိရပ်ဖဦးကျော်သောင်း က “ကျုပ်အသက် ၆၆ နှစ် ရှိပါပြီ၊ ဒီမြေတွေမှာ အနီးအနား ပတ်ဝန်းကျင်ရွာ ၄ ရွာက နွား၊ ဆိတ်၊ သိုးတွေ ဒီမြေမှာ လွှတ်ပြီးကျောင်းရတယ်၊ အခုဘက်ဟိုးနဲ့ လုပ်နေသူတွေကို တားပေးပါလို့ ရွာအုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေဆီ တိုင်ပါတယ်၊ စာတင်ထားမှပဲ ဆက်လုပ် ဆက်လုပ်လို့ ခိုင်းနေတယ်ထင်မိတယ်” လို့ ပြောပါတယ်။

ကိုလှိုင်မင်းက “ကျနော်စိန်ပန်းပင်ရွာကပါ၊ လယ်ယာလုပ်ဖို့ မြေမရှိပါဘူး၊ ဒီကုန်းပေါ်က ကျောက်တူးပြီး ရောင်းစားရတယ်၊ အခုလုပ်နေတဲ့သူတွေက ကျောက်လာတူးရင် မောင်းထုတ်တယ်၊ အခုလိုလုပ်နေတာ လက်မခံပါဘူး” လို့ ပြောပါတယ်။

ကျေးရွာလယ်စီအဖွဲ့ဝင် ဦးဝင်းမြင့်က “လယ်စီတယောက်အနေနဲ့ ဒီမြေတွေကို ဦးပိုင်ဖောက်တယ်၊ မဖောက်ဘူး မသိရပါဘူး၊ မြေအရောင်းအဝယ် လုပ်နေကြတာကိုတော့ ကြားတော့ ကြားနေတယ်၊ ရှေးပဝေသဏီကတည်းက ဒီနေရာမှာ တိရစ္ဆာန်တွေ ကျောင်းခဲ့တယ် ဒီမြေပျောက် သွားမှာတော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

မြေစားရင်းဦးစီးမှူး ဦးမျိုးသန့်တင်က “ခွင့်ပြု မိန့်မရှိတဲ့ မြေလွတ်မြေရိုင်းကို မစိုက်ပါနဲ့လို့ တားမြစ်စာထုတ်ထားတယ်၊ လွှတ်တော်ကိုယ် စားလှယ်တွေလည်း ပါပါတယ်၊ သွားဖျန်ဖြေပေး တယ် ကုမ္ပဏီမဟုတ်ပါဘူး၊ ပုဂ္ဂလိက နှစ်ရှည်သီးနှံ စိုက်မယ့်သူတွေပါ ဦးပိုင်ပေါက်ဝယ်ထားတဲ့ မြေမှာပဲစိုက်ပါ၊ မြေလွတ်ပေါ် လုပ်ခွင့်မရှိပါဘူးလို့ ပြောခဲ့တယ်၊ အရောင်းအဝယ်လုပ်တဲ့ စာချုပ်စာတမ်းတော့ မကြည့်ခဲ့ရဘူး” လို့ ပြောပါ တယ်။

ဝမ်းတွင်းမြို့နယ် ရွှေဖလားကန်ရွာ၊ စိန်ပန်းပင်ရွာ၊ ပဲခင်းကျော်တမာကုန်းရွာ၊ ပေါက်တောရွာ က တိရစ္ဆာန်တွေအတွက် အားထားအားကိုးပြု နေရတဲ့ မြေလွတ်မြေရိုင်း နေရာဖြစ်ပြီး ဧက ၅၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013