DVB Logo
Home
မြန်မာသတင်း
ညအချိန်​ ​တောဆင်​ရိုင်းများ ၀င်ရောက်လာ၍ ငွေဆောင်ဒေသခံများ စိုးရိမ်နေ
DVB
·
August 12, 2017
ညအချိန်​ ​တောဆင်​ရိုင်းများ ၀င်ရောက်လာ၍ ငွေဆောင်ဒေသခံများ စိုးရိမ်နေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်ရှိ မကျီးမှော်ကျေးရွာနဲ့ ဂျိုင်လယ်ကျေးရွာတွေကို ညအချိန် တောဆင်ရိုင်းတွေ ၀င်ရောက်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

တောဆင်ရိုင်းတွေဟာ သြဂုတ် ၈ ရက်ကစပြီး ညအချိန်တွေမှာ ကျေးရွာတွေကို ၀င်ရောက်လာပြီး အုန်းပင်တွေ၊ ငှက်ပျောပင်နဲ့ မိုးပဲစိုက်ခင်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဂျိုင်လယ်ကျေးရွာနေ ဦးရုပ်ဆိုးက ပြောပါတယ်။

“အခုဆို ဆင်ဝင်တာ နှစ်ညရှိပြီ၊ မိုးကရွာတော့ ဆင်လာတာမသိ လိုက်ဘူး၊ အုန်းပင်တွေချိုးစားတယ်၊ ရွာနားက လယ်ကွက်တွေထဲ သွားလာထားတော့ စပါးတွေပါ ပျက်တာပေါ့။ ဆင်က နှစ်ကောင်လို့ ပြောတယ်၊ ဒီအတိုင်း ဝင်နေမယ်ဆို လူကိုပါ အိမ်ပေါ်က ဆွဲချမလား မသိဘူး။”

နေ့ဘက်မှာ တောဆင်ရိုင်းတွေဟာ တောထဲသို့ ပြန်မသွားကြဘဲ ကျေးရွာတွေအနီးမှာရှိတဲ့ ဒီရေတောတွေထဲမှာ ခိုအောင်းနေတာ ဖြစ်နိုင်တယ်လို့ စပါးနဲ့မိုးပဲစိုက်ခင်းတွေ အဖျက်ဆီးခံရတဲ့ ဒေသခံ ဦးမြင့်စိုးက ပြောပါတယ်။

“တောတွေ ပြုန်းတီးလာလို့လားတော့မသိဘူး၊ ဒီတောဆင်တွေက ခုဆို ရွာထဲပါဝင်လာပြီ၊ သတ်လို့လည်းမရဘူး၊ ဆင်နဲ့တွေ့ရင်လည်း ကိုယ်ပဲ သေမှာလေ။ ဖျက်တာကတော့ တွေ့တာ၊ စားလို့ရတာ အကုန်ဖျက်တယ်။ ညဘက်ဆိုတော့ ပိုဆိုးတယ်၊ ဆင်လာရင် အရမ်းညင်သာတယ် တော်ရုံမကြားရဘူး။”

အရင်နှစ်တွေက ကျေးရွာတွေအနီးကို တောဆင်ရိုင်း ဝင်ရောက်မှုတွေ ရှိပေမယ့် နွေရာသီမှသာ ဝင်ရောက်တာဖြစ်ပြီး အခုလိုမိုးရာသီမှာ ဝင်ရောက်တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

ငွေဆောင်မြို့နယ် အမှတ် ၄ ရပ်ကွက်မှာ အရင်နှစ်နှောင်းပိုင်းက တောဆင်ရိုင်း သတ်ဖြတ်ခံရလို့ လူ  ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းဟန်(ငွေဆောင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013