DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၅၉ ဦးရှိပြီ၊ ၀ိုင်းဝန်းဆန့်ကျင်ရန် အတိုင်ပင်ခံရုံး တိုက်တွန်း
DVB
·
August 12, 2017
အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၅၉ ဦးရှိပြီ၊ ၀ိုင်းဝန်းဆန့်ကျင်ရန် အတိုင်ပင်ခံရုံး တိုက်တွန်း
Donate to DVB

မောင်တောဒေသမှာ အစွန်းရောက် အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၅၉ ဦးနဲ့ ပျောက်ဆုံးသူ ၃၃ ဦး ရှိပြီဖြစ်တာကြောင့် တပ်မတော်နဲ့အတူ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသလို ပြည်တွင်းနဲ့ နိုင်ငံတာက အသိုင်းဝိုင်းက အကြမ်းဖက်မှုကို ၀ိုင်းဝန်းဆန့်ကျင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက တိုက်တွန်းလိုက်ပါတယ်။

သြဂုတ် ၁၁ ရက်နေ့က ကြေညာတဲ့ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ထုတ်ပြန်ချက်မှာ အခုလို တိုက်တွန်းထားတာပါ။

အစွန်းရောက်အကြမ်းဖက်သတ်ဖြတ်ခဲ့ရမှုကြောင့် မောင်တောခရိုင်အတွင်း အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့သူတွေနဲ့ မြိုတိုင်းရင်းသား ၇ ဦးအပါဝင် သြဂုတ် ၉ ရက်နေ့အထိ စုစုပေါင်း ၅၉ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ဒီအကြမ်းဖက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို အကာကွယ်ပေးနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး အစွန်းရောက်အားပေးကူညီသူအားလုံးကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒေသတွင်း တိုးမြင့်လာတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ရပ်တန့်ရေးနဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နဲ့အတူ နယ်မြေရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်နေပြီး လိုအပ်တဲ့ဒေသတွေမှာ ညမထွက်ရအမိန် (၁၄၄) ထုတ်ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အစွန်းရောက် အကြမ်းဖက်ကို ဆန့်ကျင်ပြီး ထောက်ခံပေးကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013