DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ သင်္ချိုင်း ၂ ခုက ဝိညာဉ်များကို စည်ပင်ဝန်ကြီးအမိန့်ဖြင့် ပြောင်းရွှေ့
DVB
·
August 12, 2017
မုံရွာမြို့ သင်္ချိုင်း ၂ ခုက ဝိညာဉ်များကို စည်ပင်ဝန်ကြီးအမိန့်ဖြင့် ပြောင်းရွှေ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အိုးဘိုတောင်ရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက် သင်္ချိုင်း ၂ ခုက ဝိညာဉ်တွေကို မြို့မသုဿာန်သို့ တိုင်းစည်ပင်ဝန်ကြီး အမိန့်နဲ့ ဩဂုတ် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ပြောင်းရွှေ့ခဲ့ပါတယ်။

ပြောင်းရွှေ့မယ့်သင်္ချိုင်းတွေမှာ ပင့်ဖိတ်ထားတဲ့ ဆရာတော်၊ သံဃာတော်တွေက အမိန့်ပြန် မေတ္တာပို့ အမျှပေးဝေတာတွေပြုလုပ်ခဲ့သလို စည်ပင်တာဝန်ရှိသူတွေကလည်း ပြောင်းရွှေ့ဖို့ အမိန်စာတွေ ဖတ်ကြားခဲ့ကြပါတယ်။

"မုံရွာမြို့ သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးတွေ လုပ်ဆောင်မယ့် အချက် ၉ ချက်ထဲက ဒီသင်္ချိုင်းပြောင်းရွှေ့ရေးကလည်း ၁ ချက်အပါအဝင်ပါ။ အဓိကကတော့ ရပ်ကွက်က လူနေစိပ်လာတဲ့အတွက် သူတို့ရဲ့ကျန်းမာရေးကိုရည်ရွယ်ပြီး ပြောင်းရွှေ့တာပါ" လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ဒီဗွီဘီကိုပြောပါတယ်။

လက်ရှိမှာ ပြောင်းရွှေ့သွားတဲ့ သင်္ချိုင်းနေရာတွေအား စီးပွားရေးသမားတွေကို ရောင်းစာဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ပြည်သူတွေကြားမှာ ပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဘာလုပ်မယ်ဆိုတာ မသိသေးဘူး။ ပြည်သူတွေအတွက် အကျိုးမရှိတာ လုပ်ဆောင်လာရင် ပြန်လည်တင်ပြဆွေးနွေးသွားမယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုခဲ့ပါသေးတယ်။

ဝိညာဉ်ပြောင်းရွှေ့ပွဲကို စည်ပင်မှတာဝန်ရှိသူတွေ၊ ရပ်ကွက်နေပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တို့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

"လောလောဆယ်တော့ ပြောင်းရွှေ့တဲ့ရပ်ကွက်တွေအတွက် မြေနေရာအသစ်တွေ ရှာဖွေနေပါတယ်။ ဒီကြားထဲ နာရေးကြုံလာရင်လည်း သင်္ဂြိုဟ်စရိတ်အတွက် ၄ သောင်းကျပ်ကျတာကို အခမဲ့၊ သွားလာရေးဝေးတဲ့အတွက် ခရီးစရိတ် ၃ သောင်း စည်ပင်က ထောက်ပံ့ပေးသွားမှာပါ" လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းကလည်း ဒီဗွီဘီကို ပြောပါတယ်။

ဝိညာဉ်ပြောင်းရွှေ့ပွဲကို စည်ပင်ကားတွေနဲ့ သယ်ယူကာ စက်မှုဇုန်ရပ်ကွက်ရှိ မြို့မသင်္ချိုင်းကို ပို့ဆောင်ပေးခဲ့ကြပြီး အထူးအဆန်းဖြစ်လို့ လူရာနဲ့ချီ လာရောက်ကြည့်ရှုခဲ့ ကြပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013