DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် A(H1N1) အသိပညာပေး အရှိန်အဟုန်မြှင့်တင်
DVB
·
August 12, 2017
တိုက်ကြီးမြို့နယ်တွင် A(H1N1) အသိပညာပေး  အရှိန်အဟုန်မြှင့်တင်
Donate to DVB

တိုက်ကြီးမြို့နယ်ထဲက ဆေးရုံတွေမှာ H1N1 ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေး ဟောပြောတာတွေ လူစည်ကားတဲ့ နေရာတွေ၊ ဈေးတွေမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး နှာခေါင်းစည်း ပါးစပ်စည်း Mask တွေ လှူဒါန်းတာတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

တိုက်ကြီးမြို့နယ် အိုင်ကလောင်တိုက်နယ်ဆေးရုံမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးကို H1N1 ရောဂါလက္ခဏာနဲ့ဆင်တဲ့ အသက်ရှူမြန်တာ၊ မောတာ၊ အဖျားမကျတာတွေကြောင့် ရန်ကင်းကလေးဆေးရုံကြီးကို လွှဲပြောင်းကုသပေးနေပါတယ်။

“ကျမတို့ ဆေးရုံကို ကလေး လာတက်တုန်းက ရိုးရိုးအအေးမိဖျားနာဖြစ်ပြီး လာတာပါ။ ဒါပေမယ့် ၅ ရက်လောက်ကြာတော့ ကလေးက အသက်ရှူမြန်တာတို့၊ အသက်ရှူမဝတာတို့၊ အဖျားမကျတာတို့ ဖြစ်လာတော့ ကျမတို့ကလေးကို H1N1 ဖြစ်မှာ စိုးရိမ်ပြီး ရန်ကင်း ကလေးဆေးရုံကိုသွားဖို့ လွှဲပြောင်းပေးလိုက်တာပါ။ အခု ကလေးက ကျန်းမာရေး ကောင်းနေပြီ သတင်းကြားပါတယ်။ H1N1 နဲ့ပတ်သက်ပြီး ကျမတို့ဆေးရုံအုပ်ကြီးနဲ့ အဖွဲ့တွေက ရွာတွေမှာ အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်နေပါတယ်” လို့ အိုင်ကလောင် တိုက်နယ်ဆေးရုံ တာဝန်ကျဆရာမတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အဖျောက်မြို့ဆေးရုံမှာ ရာသီတုပ်ကွေး H1N1ရောဂါနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေ သတ်မှတ်ကာ သိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆေးရုံကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောပါတယ်။

“အိုင်ကလောက်တိုက်နယ်ဆေးရုံက သတင်းထွက်လာတော့ ကျနော်တို့မြို့မှာလည်း မြို့အုပ်ချူပ်ရေးမှူးနဲ့ အုပ်ချူပ်ရေးအဖွဲ့၊ ဆေးရုံအုပ်ကြီးနဲ့အဖွဲ့၊ အဖျောက်လူငယ်ကွန်ရက်အဖွဲ့နဲ့ အခြား အန်ဂျီအိုအဖွဲ့တွေ စုပေါင်းတိုင်ပင်ပြီး ဆေးရုံက လူနာအစောင့်တွေကို ၂ ယောက်သာခွင့်ပြုခြင်း၊ ၁၂ အောက်ကလေးငယ်တွေကို မလိုအပ်ဘဲ ဆေးရုံကို မခေါ်ဆောင်ခြင်း၊ ကျေးလက်ဒေသတွေမှာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ငွေကျေးမတတ်နိုင်လို့ ဆေးရုံတက် ဆေးကုသမှုမရှိရအောင် အခမဲ့ဆေးကုပေးနိုင်ဖို့ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ရာသီတုပ်ကွေး H1N1ရောဂါနဲ့ ပတ်သတ်ပြီး အသိပညာပေး ဟောပြောပွဲတွေ လက်ကမ်းစာစောင်ဝေခြင်းနဲ့ Mask တွေ လှူဒါန်းခြင်းကို အရှိန်အဟုန်မြင့်ဆောင်ရွက်ထားပါတယ်” လို့ ပြောပါတယ်။

ရာသီတုပ်ကွေး A(H1N1) ရောဂါကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ ၂၃ ယောက်အထိ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရာသီတုပ်ကွေး A(H1N1) ရောဂါ ပျံ့နှံနေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း အသိပညာပေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013