DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် မြန်မာအလုပ်သမား တစ်ထောင်နီးပါး ဆန္ဒပြ
DVB
·
August 11, 2017
ကန်ကျနပူရီတွင်  မြန်မာအလုပ်သမား တစ်ထောင်နီးပါး ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ထာ့မကာမြို့ရှိ သစ်သီးစက်ရုံတခုမှာ မြန်မာအလုပ်သမားပေါင်း တစ်ထောင်နီးပါး အလုပ်သမားအခွင့်အရေးအပြည့်ရရှိရေး ဆန္ဒပြနေကြပါတယ်။

Vita Foot Factory အမည်ရှိ သစ်သီးစက်ရုံက အလုပ်သမားတွေဟာ လုပ်အားခပုံမှန်မရခြင်း၊ လုပ်အားခ အပြည့်မရခြင်း၊ နားရက်အကျိုးခံစားခွင့်မရှိခြင်း၊ အချိန်ပို လုပ်အားခမရခြင်းစတဲ့ ပြဿနာတွေ နှစ်ရှည်လများခံခဲ့ရပြီး မနေ့ကတည်းက အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာလို့ အလုပ်သမားတွေကို ကူညီနေတဲ့ အေအေစီမဟာမိတ် အလုပ်သမားကူညီရေးအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးကပြောပါတယ်။

“အများစုက မြန်မာတွေဖြစ်ပါတယ်ခင်ဗျ။ အမ်အိုယူနဲ့လာတဲ့ အလုပ်သမားတွေရောပေါ့၊  သူတို့ရဲ့ပြဿနာက လုပ်အားခကို ပုံမှန်မထုတ်ပေးတာ၊ ပြီးတော့ လုပ်အားခနဲ့ အချိန်ပိုခ ခွဲပေးတာကို မကျေနပ်ဘူး။ အိုတီကြေးကလည်း ထိုင်းအစိုးရသတ်မှတ်ပေးတာ တနာရီ ၅၈ ဘတ်၊ သူတို့က ၃၈ ဘတ်ပဲရတယ်။ လူမှုဖူလုံရေးကတ်တွေ လုပ်ထားပေမယ့် အလုပ်ရှင်က သိမ်းထားပြီး နေမကောင်းရင် ဆေးဖိုး အရင်ရှင်းထားပြီးမှ သူဌေးက နောက်မှပြန်ပေးတယ်၊ အလုပ်သမားက နေမကောင်းလို့ ဒဏ်ရရရင် လက်ထဲပိုက်ဆံမရှိရင် ဆေးခန်းမသွားနိုင်ဘူး။ နားရက်အလုပ်ဆင်းရင် လုပ်အားခ ၂ ဆရရမှာလည်း မရဘူး။၊ အဲဒီမှာ ဆယ်နှစ်ကျော် နေလာခဲ့တဲ့ အလုပ်သမားတွေလည်းရှိတယ်။  တယောက်စီပေါင်းလိုက်ရင် နစ်နာကြေးရစရာတွေ အများကြီးဘဲ  ”

ဆန္ဒပြအလုပ်သမားတွေကို  မြန်မာသံရုံးက အလုပ်သမားသံအရာရှိ  ဦးအောင်ကိုသန်းနဲ့ အေအေစီ မဟာမိတ်အဖွဲ့သားတွေ ရောက်တွေ့ဆေုံခဲ့ကြပြီးနောက် စက်ရုံ တာဝန်ရှိသူတွေပါ ရောက်လာကြပြီး အလုပ်သမားလိုလားချက်တွေ လိုက်လျောပေးဖို့ စက်ရုံမှာဘဲ ဆွေးနွေး ညှိနှိုင်းနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013