DVB Logo
Home
နိုင်ငံရေး
ဒီဗွီဘီသတင်းထောက်များအမှု တရားလိုပြသက်သေ ဦးဝင်းသန်း၏ ထွက်ဆိုချက်
DVB
·
August 11, 2017
ဒီဗွီဘီသတင်းထောက်များအမှု တရားလိုပြသက်သေ ဦးဝင်းသန်း၏ ထွက်ဆိုချက်
Donate to DVB

မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ တရားစွဲခံနေရတဲ့ ဒီဗွီဘီ သတင်းထောက်တွေ အပါအ၀င် ၆ ဦးရဲ့ အမှုကို ဒီကနေ့ (သြဂုတ် ၁၁) သီပေါမြို့နယ် တရားရုံးမှာ  စစ်ဆေးရာမှာ တရားလိုပြသက်သေ ဦးဝင်းသန်းရဲ့ သက်သေခံပစ္စည်းတွေနဲ့  စပ်လျဉ်းပြီး ထွက်ဆိုဖြေကြားချက်များ။

ဦးဝင်းသန်း (လိုပြ-၁) ၏ အဓိက ထွက်ဆိုချက်

(၂၈-၆-၁၇)နေ့ သီပေါရဲစခန်းက ဗိုလ်သက်နိုင်ဦးက ရဲစခန်း၌ သတင်းထောက်ထံမှ တွေ့ရှိ သိမ်းမိသည့် ပစ္စည်းကို သိမ်းရန် သက်သေအဖြစ်ခေါ်၍ ကျနော်နှင့် ဗိုလ်အောင်ကျော်တို့ ရောက်ရှိခဲ့ပါသည်။

ရဲစခန်းတွင် ဗိုလ်သက်နိုင်ဦးထံမှ သက်သေခံပစ္စည်းများကို ရှာဖွေပုံစံဖြင့် ရဲအရာရှိက သိမ်းဆည်းခဲ့သည်။ ကျနော်က သက်သေနေရာ၌ လက်မှတ်ရေးထိုးပေးရပါသည်။

ရှာဖွေပုံစံဖြင့် သိမ်းဆည်းပစ္စည်းမှာ ဖုန်း ၉ လုံး၊ ကင်မရာ ၂ လုံး၊ အသံဖမ်းစက် ၁ လုံး၊ ကွန်ပျူတာ ၁ လုံး၊ ဝန်ထမ်းကတ် ၁ ခု၊ မှတ်ပုံတင် ၄ ခု၊ ကား ၂ စီး၊ စီတီ ၂ ချပ်။

(၂၈-၆-၁၇) နေ့ ပြုလုပ်သိမ်းဆည်းသည့် ရှာဖွေပုံစံပေါ်ရှိ လက်မှတ်မှာ ကျနော်၏လက်ရေး မှန်ကန်သည်။ သက်သေခံတင်သွင်းရာ သက်သေခံ ခ-၁ အဖြစ် လက်ခံသည်။

ရှာဖွေပုံစံဖြင့် သိမ်းဆည်းသည့် ပစ္စည်းကို စစ်ဆေးခဲ့သော်လည်း မည်သည့်ပစ္စည်းက မည်သည့်အရာပါရှိသည်ကို မမှတ်မိတော့ပါ။

အမှုနှင့်ပတ်သက်ပြီး ဦးစိုင်းအောင်ခမ်း အမည်ပါ ယာဉ်မောင်းလိုင်စင် ၁ ကတ်ကို နမ့်ဆန် စခန်းမှူးသန်းဆွေကလည်း ရှာဖွေပုံစံတွင် သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

(၂၈-၆-၁၇) ရှာဖွေပုံစံပါ လက်မှတ်မှာ ကျနော့် လက်ရေး လက်မှတ် မှန်ကန်၍ သက်သေခံအဖြစ် တင်ပြသည်။ သက်သေခံ ၁၊ ခ-၁ အဖြစ် ရှာဖွေပစ္စည်းမှာ ယခု ရုံးရှေ့ရှိ သက်သေပစ္စည်း ဖြစ်ပါသည်။

ရှေ့နေပြန်လှန်မေးခွန်းများ

မေး - ရှာဖွေပုံစံဖြစ်သော သက်သေခံ ၁၊ ခ-၁ ပစ္စည်းစာရင်းအား အပ်ပေးသူမှာ ဗိုလ်သက်နိုင်ဦး ဖြစ်သည်ဆိုလျှင်။

ဖြေ - မှန်ပါသည်။

မေး - ရှာဖွေပုံစံ သက်သေခံ ၁၊ ခ-၁၊ ဂ ပေါ်ရှိ ရှာဖွေသက်သေစဉ် ၁ နေရာတွင် တရားလို (ဦးဝင်းသန်း) လက်မှတ်ထိုးစဉ် ရုံးရှေ့ရှိ စွပ်စွဲခံရသူများကို မမြင်ဖူးဟု ဆိုလျှင်။

ဖြေ - မှန်ပါသည်။

မေး - ရုံးရှေ့ စွပ်စွဲခံရသူများကို တရားလို (ဦးဝင်းသန်း) ယခု ရုံးရှေ့ရောက်မှ မြင်ဖူးသည်ဆိုလျှင်။

ဖြေ - မှန်ပါသည်။

မေး - သက်သေခံ ခ ရှာဖွေပုံစံပေါ်ရှိ လက်မှတ်ရေးထိုးသည့် နေရာ၌ နမ့်ဆမ်ရဲစခန်း ဖြစ်လားဆိုလျှင်။

ဖြေ - သီပေါရဲစခန်း။ သက်သေခံ ခ၊ ခ-၁၊ ဂ အားလုံးကို သီပေါရဲစခန်း၌သာ လက်မှတ်ရေးထိုးခြင်း ဖြစ်ပါသည်။

မေး - သက်သေခံ ခ၊ ခ-၁၊ ဂ တို့ကို သက်သေခံပစ္စည်း အပ်ပေးသူ ဗိုလ်သက်နိုင်ဦး တရားရုံး လာရောက်ထွက်ဆိုပြီး ဖြစ်သည်ကို သိလား။

ဖြေ - မသိပါ။

မေး - ထိုသို့ ဗိုလ်သက်နိုင်ဦး သက်သေခံပစ္စည်း သိမ်းရာတွင် ၎င်းမပါကြောင်း ထွက်ဆိုသည်ကို သိလား။

ဖြေ - မသိပါ။

မေး - သို့ဖြစ်၍ အချင်းဖြစ် သက်သေခံပစ္စည်းကို မည်သို့မည်ပုံ သိမ်းဆည်းသည်ကို မသိသော သက်သေခံ ခ၊ခ-၁၊ ဂ တို့ကို ရှာဖွေသက်သေအဖြစ် လက်မှတ်ရေးထိုးရခြင်းသာ ဖြစ်သည်ဆိုလျင်။

ဖြေ - မှန်ပါသည်။

မေး - စွပ်စွဲခံရသူများကို စတင်ဖမ်းသည့်နေ့သည် (၂၆-၆-၁၇) တွင် ဖြစ်ပြီး သက်သေခံ ရှာဖွေပုံစံများတွင် သီပေါရဲစခန်းတွင် လက်မှတ်ရေးထိုးရသည်။ (၂၈-၆-၁၇) ဖြစ်သောကြောင့် ဖမ်းဆီးချုပ်နှောင်ခံရတာ  ၂ ရက်ရှိပြီ ဖြစ်သည် ဆိုလျှင်။

ဖြေ - မသိပါ။

မေး - ၂၆  ရက်တွင် ဖမ်းဆီးပြီး သက်သေခံ ခ၊ ခ-၁၊ ဂ ကို ၂၈ ရက်မှ ပြုလုပ်သည့်အတွက် စွပ်စွဲခံရသူများသည် တပ်စခန်း အချုပ်ဖြင့် ရှိနေခြင်းဖြစ်ပြီး ဖမ်းဆီး ချုပ်နှောင်ခံရသည်မှာ ကြာမြင့်သည့်ကာလ ဖြစ်သည်ဆိုလျှင်။

ဖြေ - မသိပါ။

မေး - တရားလို (ဦးဝင်းသန်း)သည် ရှာဖွေပုံစံများပေါ်၌ လက်မှတ်ရေးထိုးသည် ဆိုရာတွင် ဘယ်နှစောင်အပေါ်၌ လက်မှတ်ရေးထိုးခဲ့သလဲ။

ဖြေ- မပြောပြနိုင်ပါ။

မေး - ရှာဖွေပုံစံများအား မည်သည့်နေရာ မည်သည့်နေ့ရက်၊ မည်သူက ပြုလုပ် ဖမ်းဆီးခဲ့လဲ ဆိုပါက။

ဖြေ- ကျနော်လက်မှတ်ရေးထိုးသည့် ရှာဖွေပုံစံကို ၂၀-၆-၁၇ တစ်ရက်တည်းဖြစ်ပြီး သီပေါမြို့မရဲစခန်းမှူးမှာ ဒုရဲမှူးသိန်းဇော် ဖြစ်ပါသည်။

မေး - တရားလို (ဦးဝင်းသန်း) သည် ရှာဖွေသက်သေအဖြစ် လက်မှတ်ရေးထိုးစဉ် ရုံးရှေ့ တရားခံများ ရှိနေပါသလား။ ၎င်းတို့နဲ့အတူ လက်မှတ်ရေးထိုးခဲ့လားဆိုလျင်။

ဖြေ -  ရုံးရှေ့ရှိ စွပ်စွဲခံရသူများကလည်း ကျနော် ရှေ့၌ လက်မှတ် ရေးထိုးရခြင်းမျိုးလုံးဝ မရှိပါ။

မေး - (၁၈-၆-၁၇) က မည်သည့်အချိန် ရဲစခန်းကို သွားရောက်ခဲ့လဲ။

ဖြေ - ၁၀း၀၀ နာရီခန့်။

မေး - ရဲစခန်းသို့ ရောက်လျှင်ရောက်ချင်း အသိသက်သေအဖြစ် လက်မှတ်ထိုးခဲ့သည်ဆိုလျှင်။

ဖြေ။ မှန်။

မေး - သက်သေခံ (ခ) စဉ် (၁) မှ (၁၉) အထိ ပစ္စည်းများကို ကြည့်ရှုမှတ်သားခဲ့ခြင်းမျိုး ရှိပါသလား ဆိုလျှင်။

ဖြေ - ဖုန်း၉၊ မှတ်ပုံတင် ၄၊ ကင်မရာ- ၁၊ အသံဖမ်းစက် ၁၊ ကွန်ပြူတာ ၁၊ ဝန်ထမ်းကတ်-၁၊ CD ၂၊ ယာဉ် ၂ စီးတို့ ကြည့်ရှုခဲ့ပါသည်။ (မှတ်သားထားသော စာရင်းစာအုပ်ကို ကြည့်၍ ဖြေဆိုသည်။)

မေး - ကြည့်ရှုသော VIVO-  09253607849 ကိုတော့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားခြင်း မရှိ ဆိုလျှင်။

ဖြေ - တွေ့မြင်ခဲ့သည်၊ ဖုန်း ၉ လုံးသာ ဖြစ်ပြီး ရုံးရှေ့ရှိ ချပ်ဖာအတွင်းက ပစ္စည်းသာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

မေး - သက်သေခံ (ဂ) ရှာဖွေပုံစံတွင် လက်မှတ်ထိုးစဉ် စိုင်းအောင်ခမ်းကို ခေါ်ယူလက်မှတ်ရေးထိုးခိုင်း ခြင်းမရှိ ဆိုလျှင်။

ဖြေ - မှန်။

မေး - သက်သေခံ ဂ ယာဉ်မောင်း သိမ်းဆည်းစဉ်က ရဲအရာရှိက မည်သူ့ထံမှ သိမ်းဆည်းကြောင်း ပြောပြလားဆိုလျှင်။

ဖြေ - မပြောပြ။

ရုံးမေး

ရှေ့နေ ပြန်လှန်မေးစဉ်က တရားလိုနှင့် အချင်းဖြစ်သက်သေခံပစ္စည်းများနှင့် မည်သို့မည်ပုံ သိမ်းဆည်းသော ဗိုလ်သက်နိုင်ဦးက အပ်ပေးသော ရှာဖွေပုံစံသက်သေခံ ခ၊ ခ-၁၊ ဂ တို့ကို လက်မှတ်ရေးထိုးရခြင်းသာ ဖြစ်သည်ဆိုလျင် မှန်သည်ဟု ထွက်ဆိုချက်ကို ရှင်းပြပါဆိုရာ တရားလိုဖြစ်သူက  ရှာဖွေသက်သေအဖြစ် လက်မှတ်ရေးထိုးရခြင်းကို မှန်သည်ဟု ထွက်ဆိုသည်။

သက်သေခံပစ္စည်းကို မည်သို့မည်ပုံ  သိမ်းဆည်းကြောင်း ဗိုလ်သက်နိုင်ဦးက သိခြင်း၊ မသိခြင်းကိစ္စကို တရားလိုက မသိပါ။  ဖတ်ပြရာ၌ မှန်ကန်သည်ဟုထွက်ဆိုပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013