DVB Logo
Home
မြန်မာသတင်း
သစ်တောဝန်ထမ်းများကို လက်နက်ပြန်လည်ပေးအပ်ရန် လုပ်ဆောင်မည်
DVB
·
August 11, 2017
သစ်တောဝန်ထမ်းများကို လက်နက်ပြန်လည်ပေးအပ်ရန် လုပ်ဆောင်မည်
Donate to DVB

သစ်တောဝန်ထမ်းတွေကို လက်နက်ပြန်လည်ပေးအပ်ဖို့ တပ်မတော်ရဲ့ အတည်ပြုချက်နဲ့အညီ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

သြဂုတ် ၁၁ ရက် ပြည်သူ့လွှတ်တော်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မေးမြန်းတဲ့ မြန်မာနိုင်ငံ သစ်တောဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် အရင်လို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ သတ်မှတ်ကာ လက်နက်တွေ ပြန်လည် တပ်ဆင်ပေးဖို့ အစီအစဉ် ရှိ၊မရှိမေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားခဲ့တာပါ။

“အလောင်းတော်ကဿပနဲ့ ချပ်သင်းဘေးမဲတောတို့က သစ်တောဝန်ထမ်းတွေကို ပြည်သူ့စစ်ဌာနေ ဝန်ထမ်းတွေအဖြစ် တပ်မတော်က သက်မှတ်ပေးပြီး၊ လက်နက်ထုတ်ပေး သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းဆက်ညှိနှိုင်း ချိတ်ဆက်ပြီး လုပ်ဆောင်သွားမယ်”

လက်ရှိအချိန်မှာတော့ သစ်တောဝန်ထမ်းတွေကို လက်နက်ပြန်လည် တပ်ဆင်ပေးနိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း၇ ပုဒ်မ ၃၃၈မှာ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အားလုံးသည် တပ်မတော်လက်အောက်မှာရှိရမယ်လို့ ပြဌာန်းထားချက်အပါအဝင် အကန့်အသက်  ၅ ခုလောက်ရှိနေတာပါ။

တရားမဝင်သစ်ခိုးထုတ်မှုတွေကို ဖမ်းဆီးနိုင်ဖို့အတွက် အရေးတကြီးလိုအပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက ခရိုင် ၁၇ ခုအတွင် ပြည်ထဲရေးဝန်ကြီးဌာနကနေ လက်နက်တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂၄၀ ဦးကို သစ်တောဌာနအတွက် ပေးအပ်ထားတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013