DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း ရေသန့်လုပ်ငန်း ၄ ခု ကို ရက်အကန့်အသတ်မရှိပိတ်သိမ်း
DVB
·
August 11, 2017
ဧရာဝတီတိုင်းအတွင်း ရေသန့်လုပ်ငန်း ၄ ခု ကို ရက်အကန့်အသတ်မရှိပိတ်သိမ်း
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်အတွင်းက အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထောက်ခံချက်မရှိဘဲထုတ်လုပ်နေတဲ့ ရေသန့်လုပ်ငန်း ၄ ခု ကို ရက် အကန့်အသတ်မရှိပိတ်သိမ်းလိုက်ပါတယ်။

ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့မှာ ထုတ်လုပ်တဲ့ ကုမုဒြာ ၊ SSM၊ Superstar နဲ့ ဧဝရက် အမှတ်တံဆိပ် သောက်ရေသန့် လုပ်ငန်း ၄ ခုကို  FDA က ဩဂုတ်လ ၁၀ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီးနောက်ခုလို အရေးယူလုပ်ဆောင်လိုက်တာပါ။

အဲ့လိုဝင်ရောက်စစ်ဆေးရာမှာ ထောက်ခံချက်မရှိတဲ့ သောက်ရေသန့်လုပ်ငန်း ၃ ခု နဲ့ လျှောက်ထားဆဲလုပ်ငန်းတစ်ခုတို့ဟာ FDA ထောက်ခံချက်မရှိဘဲ ထုတ်လုပ်ရောင်းချနေ တာကြောင့် လုပ်ငန်းတွေကို ရက်အကန့်အသက်မရှိပိတ်သိမ်းခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး FDA ဒုညွှန်ကြားရေးမှူးဒေါက်တာပြည့်ဖြိုး ဒီဗွီဘီ ကို ပြောပါတယ်။

ပိတ်သိမ်းခံရတဲ့ ရေသန့်လုပ်ငန်းတွေအနေနဲ့ ထုတ်လုပ်ဖြန့်ဖြူးတဲ့ သောက်ရေသန့် တွေကို ဈေးကွက်အတွင်းကပြန်သိမ်းယူရမှာဖြစ်ပြီး  ဆက်လက်ထုတ်လုပ်ဖြန့်ဖြူးမယ်ဆိုရင် အမျိုးသား အစားအသောက်ဥပဒေအရ အရေးယူခံရမယ်ဆိုတာ ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့တယ် လို့ဆိုပါတယ်။

အဲ့ဒီရေသန့်လုပ်ငန်းတွေအနေနဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ရဲ့ ထုတ်လုပ်ခွင့်ထောက်ခံချက်ရရှိပြီးမှသာပြန်လည်ထုတ်လုပ်ခွင့်ပေးမည်ဖြစ်ပါတယ်။

ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီး FDA

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013