DVB Logo
Home
Lead Story
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံ သွားမည်
DVB
·
July 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ လာမဲ့ သြဂုတ်လဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင် လာရောက်လည်ပတ်မယ်လို့ အာဆီယံ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဇူလိုင် ၁၃ ရက်မှာ ဖော်ပြပါတယ်။

မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်နဲ့ပတ်သက်ပြီး အာဆီယံ သတင်းရင်းမြစ်တွေဘက်ကတော့  အသေးစိတ် အချိန်ဇယားကို ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို စစ်အာဏာရှင်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါဟာ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ သမ္မတရာထူးကို ရယူပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဆီကို ဒုတိယအကြိမ်မြောက် သွားရောက်မဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံဆီကို ပထမဆုံးအကြိမ် တရားဝင် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေဆီလည်း သွားရောက်ခဲ့ပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဘန်ကောက်မှာကျင်းပတဲ့ BIMSTEC ထိပ်သီးအစည်းအဝေးတက်ဖို့ ထိုင်းနိုင်ငံဆီ တကြိမ် သွားရောက်ခဲ့ဖူးတာကြောင့် လာမဲ့ ခရီးစဉ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကိုသွားရောက်တဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။

Source: Bangkokpost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013