DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 11, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၇၆၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၄,၀၀၀ ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၂,၀၀၀ ဈေးကျဆင်းသွားပြီးတော့ ၁ တန်ကို ငွေကျပ် ၅၀၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ ၁ ပတ်အတွင်း ၁ တန်ကို ကျပ် ၇၀,၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ၂,၀၀၀ ကနေ ငွေကျပ် ၂,၁၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၀၀ ကျပ်ကနေ ၆၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

ပဲပုတ်(ရှမ်း)
မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ၅၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းဖြူ
နှမ်းဖြူကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ကနေ ငွေကျပ် ၁၂၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲနောက်စိမ်း
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ပဲနောက်စိမ်းက ၁ တင်းကို ငွေကျပ် ၃၂,၈၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲဇီးကွက်
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ပဲဇီးကွက်က ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာာကို ၁,၄၀၀ ကျပ်ကနေ ငွေကျပ် ၁,၄၅၀ ပေါက်ဈေးရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013