DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင်​ ​လေလွင့်ခွေးများ စောင့်ရှောက်ရေး နေရာအခက်အခဲရှိ
DVB
·
August 11, 2017
မြင်းခြံတွင်​ ​လေလွင့်ခွေးများ စောင့်ရှောက်ရေး နေရာအခက်အခဲရှိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ခွေးချစ်သူလူငယ် ၈ ဦး ပါဝင်တဲ့ လေလွင့်ခွေးတွေ စောင့်ရှောက်ရေးအဖွဲ့ဟာ လေလွင့်ခွေးလေးတွေ ရေရှည်စောင့်ရှောက်ပေးနိုင်ဖို့အတွက် နေရာအခက်အခဲတွေ ရှိနေပြီလို့ လေလွင့်ခွေးစောင့်ရှောက်ရေးအဖွဲ့မှ ကိုသက်နောင်စိုးက ပြောပါတယ်။

“ခုနေရာက ခွေးလေးတွေ စောင့်ရှောက်ဖို့အတွက် မြေကွက်ကို စေတနာရှင်တဦးက ခေတ္တအသုံးပြုခွင့်ပေးထားပါ။ ရေရှည်တော့ အသုံးပြုလို့ မရဘူးပေါ့။ ကျနော်တို့က ပထမတော့ မြို့ပေါ်မှာရှိတဲ့ လေလွင့်ခွေးတွေကို အစာလိုက်ကျွေးကြတာပါ။ နောက်ပိုင်း ခွေးလေးတွေ ဒဏ်ရာရနေတာတွေ၊ မသွားလာနိုင်တဲ့ခွေးတွေ တွေ့လာတော့ ဆေးကုသပေးဖို့ ဆိုပြီး အကူအညီတောင်းခဲ့ရာမှ မြေကွက် အသုံးပြုခွင့်ရခဲ့တာပါ။ ကျနော်တို့ လေလွင့်ခွေး စောင့်ရှောက်ရေးဂေဟာ ဖွင့်ခဲ့တဲ့ ၁ နှစ်ကျော်အတွင်းမှာ လေလွင့်ခွေး ၅၀ နီးပါး စောင့်ရှောက်နေပါတယ်။ ဒီခွေးလေးတွေကို ရေရှည်စောင့်ရှောက်နိုင်ဖို့ မြေနေရာ အခက်အခဲ ရှိနေတာပေါ့။”

လေလွင့်ခွေးစောင့်ရှောက်သူများအဖွဲ့ဟာ မြို့ပေါ်ရှိ ခွေးလေခွေးလွင့်တွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ ခွေးတွေကို အဓိကထား စောင့်ရှောက်နေတာဖြစ်ပြီး တိ/ကု ဆရာဝန်တွေနဲ့လည်း တပတ်တကြိမ် ကျန်းမာရေးစစ်ဆေးမှု၊ ကာကွယ်ဆေးထိုးပေးတာတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။ အစာအနေနဲ့ နေ့စဉ် ကြက်ရိုး ၄ ပိဿာနဲ့ ဆန် ၄ ပြည် ကို ချက်ပြီး ကျွေးမွေးတယ်လို့ သိရပါတယ်။

“အခက်အခဲတော့ ရှိတာပေါ့၊ ကျမတို့က အဓိက ခွေးလေးတွေကို သနားတာပါ၊ တချို့က ခွေးတွေကို တုတ်၊ ဓား စတာတွေနဲ့ ပစ်လွှတ်ကြတယ်၊ ဒဏ်ရာတွေနဲ့ဆိုတော့ တချို့က ကျမတို့ကို အကြာင်းကြားပေးတာတွေ ရှိတယ်လေ၊ အဲလိုဆို သွားခေါ်ပြီးဆေးကုပေးတယ်၊ ဒီဂေဟာမှာပဲ စောင့်ရှောက်ထားတယ်၊ တနင်္ဂနွေ အပတ်တိုင်းကိုလည်း ခွေး၊ ကြောင် စတာတွေကို အခမဲ့ ဆေးကုသပေးပါတယ်၊ ခုက တကယ့်ကို လေလွင့်နေတဲ့ ခွေးလေးတွေကို ပထမဦးစားပေးပြီး ကူညီစောင့်ရှောက်နေတာပါ၊ တချို့က အိမ်မှာမွေးထားတဲ့ ခွေးတွေကို ကျမတို့ဆီ လာအပ်ကြတယ်၊ နေရာအခက်အခဲကြောင့် အိမ်မွေးခွေးတွေကိုတော့ လက်မခံသေးပါဘူး။ ခွေးလေးတွေ အစာအတွက် အလှူရှင်တချို့တော့ ရှိပါတယ်။ ရေရှည်စောင့်ရှောက် ပေးနိုင်ဖို့အတွက်ကတော့ နေရာအတည်တကျလေးရှိရင်တော့ ခွေးလေးတွေပိုပြီး စောင့်ရှောက်ပေးနိုင်တာပေါ့” လို့ ခွေးချစ်သူများအဖွဲ့မှ မသူဇာအေးက ပြောပါတယ်။

လက်ရှိမှာတော့ မြင်းခြံ မှ မန္တလေး အထွက်လမ်းဘေးရှိ ခြံဝန်းတခုမှာ လေလွင့်ခွေး အကောင်ရေ ၅၀ လောက်ကို ခွေးချစ်သူ လူငယ်များအဖွဲ့ ၈ ဦးတို့က တာဝန်ယူ စောင့်ရှောက် ထားတာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013