DVB Logo
Home
မြန်မာသတင်း
မယ်စကြ၀ဠာအလှမယ်များ လူမှုရေးလုပ်ငန်းများအတွက် သိန်း ၂၀ လှူဒါန်း
DVB
·
August 11, 2017
မယ်စကြ၀ဠာအလှမယ်များ လူမှုရေးလုပ်ငန်းများအတွက် သိန်း ၂၀  လှူဒါန်း
Donate to DVB

ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ သြဂုတ် ၁၀ ရက် ည ၇ နာရီက ပြုလုပ်တဲ့ TALENT SHOW ပွဲက ရရှိလာတဲ့ ရန်ပုံငွေတွေကို မယ်စကြ၀ဠာမြန်မာအလှမယ်တွေက လူမှုရေးလုပ်ငန်းတွေ အတွက် လှူဒါန်းခဲ့ပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ မယ်စကြ၀ဠာမြန်မာအလှမယ် ၃၀ ဦးဟာ အထူးအစီစဉ်တရပ်အနေနဲ့ ကရင်ပြည်နယ်ရဲ့ လူမှုရေးခရီးစဉ်အဖြစ် ရောက်ရှိလာပြီး TALENT SHOW ပွဲပြုလုပ်ရရှိခဲ့တဲ့ ရန်ပုံငွေကျပ်သိန်း ၂၀ လောက်ကို ပေးအပ်လှူဒါန်းခဲ့တာပါ။

ဦးတေဇလှိုင်ထွဋ် (ဗမာတိုင်းရင်းသားရေးရာဝန်ကြီး) က “ကိုယ်ဒေသမှာရှိတဲ့ တကယ်လိုအပ်တဲ့ နေရာတွေအများကြီး၊ သူတို့လည်း အချိန်ပေးတာနည်းတဲ့အတွက်ကြောင့် ကိုယ့်တို့ဘက်က စီစဉ်ပေးသလောက် ဖြစ်မလာဘူး။ ဒီထက်လုပ်ရမယ့် ကဏ္ဍာတွေအများကြီး ကျန်ခဲ့တယ်။ ဒါပေမယ့် လက်ရှိ Miss မော်ဒယ်လေးတွေ လာတဲ့အတွက်ကြောင့်လည်း ကရင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုလုပ်ငန်း တကယ်အလားအလာရှိတဲ့ နေရာဒေသတွေကို သူတိုလာသွားတဲ့အတွက်ကြောင့် ပြည်နယ်သား တယောက်အနေဲ့၊ အစိုးရအဖွဲ့အနေနဲ့ရော အရမ်းပဲ ကျေနပ်ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။

အဆိုပါ TALENT SHOW ပွဲကရရှိလာတဲ့ အလှူငွေကျပ်သိန်း ၂၀ လောက်ကို ပြည်နယ်ကြက်ခြေနီအသင်း၊ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွေ၊ ပရဟိတအဖွဲ့တွေနဲ့ စာကြည့်တိုက် ဖောင်ဒေးရှင်းတွေကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။

အဆိုပါ မယ်စကြ၀ဠာ မြန်မာအလှမယ် ၃၀ ဦးဟာ ကရင်ပြည်နယ်ကို သြဂုတ် ၇ ရက်က ရောက်ရှိခဲ့ပြီး မြ၀တီမြို့နယ်ရှိ လေးကေကော်ကျေးရွာ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်တော်ဆေးခန်း၊ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းတို့ကို သွားရောက်ကာ ဒေသခံတွေကို တွေဆုံနှစ်သိမ့်အားပေးပြီး လူသုံးကုန်ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013