DVB Logo
Home
မြန်မာသတင်း
ကလေးတွင် မူးယစ်ဆေးဝါးနှင့် လက်နက် လက်ဝယ်ထားရှိသူများကို ဖမ်းဆီး
DVB
·
August 11, 2017
ကလေးတွင် မူးယစ်ဆေးဝါးနှင့် လက်နက် လက်ဝယ်ထားရှိသူများကို ဖမ်းဆီး
Donate to DVB

ကလေးမြို့ တောင်ပိုင်း အင်ဒင်အုပ်စု ထန်းချောင်းတောတိုက်မှာရှိတဲ့ တဲငယ်အတွင်းကနေ မူးယစ်ဆေးဝါးနဲ့ တူမီးသေနတ်ကို ပိုင်ရှင်နဲ့အတူ ဒီနေ့မနက် ၂ နာရီက ခရိုင် ဒု/နှိမ် ခေါင်းဆောင် ရဲအုပ်သီဟနဲ့အဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

“သတင်းအရ ရှာဖွေခွင့် ပုံစံအပြည့်အစုံနဲ့ သွားပြီး တောတိုက်ထဲက တဲငယ်တခုကို ရှာဖွေခဲ့ပါတယ်။ အဲဒီမှာ မူးယစ်ဆေးဝါးနဲ့ အသုံးပြု ပစ္စည်းတွေရယ်၊ တူမီးသေနတ် တလက်ကို တဲပိုင်ရှင်တွေနဲ့အတူ ဖမ်းဆီး သိမ်းဆည်းခဲ့တာဖြစ်တယ်” လို့ ခရိုင် ဒု/နှိမ်ခေါင်းဆောင် ရဲအုပ်သီဟက ဆိုပါတယ်။

ဖမ်းဆီးသိမ်းဆည်းခဲ့တဲ့ မူးယစ်ဆေးဝါးအနေနဲ့ ဘိန်းဖြူ ပင်နယ်စလင်ပုလင်း ၁၈ ပုလင်းနဲ့ မူးယစ်ဆေးဝါးသုံးရာမှာ အသုံးပြု အထောက်အကူပစ္စည်းတွေ၊ ပြောင်းအရှည် ၂ ပေ ၈ လက်မနဲ့ လက်ကိုင် ၁ ပေ ၄ လက်မအရှည်ရှိတဲ့ တူမီးသေနတ် ၁ လက်တို့ ဖြစ်ပြီး မကွေးတိုင်း နှမ်းခါးရွာ စာသင်ကျောင်းနားက မြင့်ဝေက လာရောက် ပို့ဆောင်ထားတဲ့ မူးယစ်ဆေးဝါးတွေလို့လည်း သိရပါတယ်။

မူးယစ်ဆေးဝါးတွေ၊ တူးမီးသေနတ်တလက်နဲ့အတူ ဖမ်းဆီးခဲ့သူတွေကတော့ ကိုကျော်မျိုးသူ ၊ မမိုးသူဇာ နဲ့ မောင်အေးဆိုသူတို့ ဖြစ်ပြီး မူးယစ်ဆေးလာရောက်ပို့ဆောင်သူ မြင့်ဝေကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ခရိုင် ဒု/နှိမ်ခေါင်းဆောင် ရဲအုပ်သီကိုယ်တိုင်က တရားလိုပြုပြီး မူးယစ်ဆေးဝါး၊ လက်နက်တွေနဲ့ ဖမ်းမိသူ သုံးဦးနဲ့အတူ ထွက်ပြေးနေတဲ့ မြင့်ဝေ ဆိုသူတို့ကို သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ တွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013