DVB Logo
Home
မြန်မာသတင်း
မီဒီယာမလုပ်နဲ့၊ သူပုန်နဲ့ မဆက်သွယ်နဲ့ သေနတ်ကြည့်ဆိုတဲ့ပုံစံမျိုး ခြိမ်းခြောက်တာ - ဦးအေးနိုင်
DVB
·
August 11, 2017
မီဒီယာမလုပ်နဲ့၊ သူပုန်နဲ့ မဆက်သွယ်နဲ့ သေနတ်ကြည့်ဆိုတဲ့ပုံစံမျိုး ခြိမ်းခြောက်တာ - ဦးအေးနိုင်
Donate to DVB

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေ အပါအဝင် ၆ ဦးရဲ့အမှုကို ဒီကနေ့မနက်က သီပေါမြို့နယ် တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ရာ တရားလို တပ်မတော်အရာရှိ ၂ ဦး ရောက်မလာခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ ပြောစကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဖမ်းဆီးခံ ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်က “ကျနော်ထင်တယ်ဗျာ။ မြန်မာပြည်ကို ကျနော်တို့ပြန်လာရင် ဒီမိုကရေစီအရေးအတွက် ဦးသိန်းစိန် သမ္မတ လက်ထက်တုန်းက ပြောခဲ့တယ်။ ဒီမိုကရေစီ ပြန်လည်ထူထောင်ရင် ပြန်လာကြပါလို့ ပြောတယ်။ ကျနော်တို့ ပြန်လာတယ်၊ မိန်းမကိုလည်း မှာခဲ့တယ်။ ငါ ထောင်ကျနိုင်တယ်၊ မြန်မာပြည်မှာ ငါတို့ စိတ်ဓာတ်နဲ့ ငါတို့ လုပ်ပုံကိုင်ပုံနဲ့ ဒီနိုင်ငံရဲ့ ပုံစံနဲ့ဆိုရင် ထောင်ကျနိုင်တယ်ဆိုတာ သိတယ်။ ကျနော်တို့ ပြန်လာခဲ့တယ်။ အခု ကျနော်တို့အမှုကို စစ်တယ် ဆေးတယ်။ ကျနော်တို့ကို သတင်းထောက်တယောက်က မေးတယ်။ နိုင်ငံတော်သမ္မတကို ဘာပြောချင်လဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘာပြောချင်လဲ။ ဦးထင်ကျော်ကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ကာချုပ်မင်းအောင်လှိုင်ကိုရော ကျနော်တို့ ပြောချင်တယ်။ ၁၇(၁) ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သိပါလိမ့်မယ်။ မီဒီယာသမားဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိအောင် ကြိုးစားပါ။ မီဒီယာသမားဆိုတာ ဒီလိုမျိုး တီအန်အယ်လ်အေလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းကို မပြောနဲ့၊ နိုင်ငံတကာမှာ နာမည်ကြီးနေပါတယ်ဆိုတဲ့ အိုင်အက်စ်လို အဖွဲ့ကနေပြီး ကျနော်တို့ကို ချိန်းပြီးတော့ မင်းတို့ကို ငါတို့ ဒါပြောချင်တယ်ဆိုလို့ရှိရင် သေရင်သေပါစေ၊ ကျနော်တို့က အကြမ်းဖက်အဖွဲ့မှန်း သိသိကြီးနဲ့ သတင်းယူရမှာ ဖြစ်တယ်။ အဲတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ တစာစာပြောပြီးတော့ ကျနော်တို့ မီဒီယာကို ဘေးချိတ်မယ်ဆိုရင် ဥပမာ ကျနော်တို့ အချုပ်ထဲမှာ ကျနေပေမယ့် ကျနော်တို့စိတ်ထဲမှာ အခု နေပြည်တော်တို့၊ ရန်ကုန်တို့မှာ ကျင်းပနေတဲ့ ယူအန်အက်ဖ်စီနဲ့ Peace Commission နဲ့ ဆွေးနွေးပွဲတွေမှာ ဘာတွေအဖြေထွက်မယ်ဆိုတာ ကျနော်တို့ စိတ်ဝင်စားတယ်။ မြောက်ပိုင်း ၈ ဖွဲ့နဲ့ Peace Commission နဲ့ ဘယ်လိုမျိုး အပေးအယူတွေလုပ်မလဲ၊ ဘယ်လိုမျိုးဖြစ်မလဲ ကျနော်တို့ စိတ်ဝင်စားတယ်။ ကျနော်တို့ ၈၈ တုန်းက ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ ဗမာပြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲနဲ့ ဘာမှ ထွေထွေထူးထူး အကြောင်းကြီးငယ်တွေကို မျှော်လင့်လို့မရဘူးဆိုတဲ့ မိန့်ခွန်းတွေကို ကျနော်တို့ ကြားတယ်။ ကျနော်တို့တွေဟာ အလကား အသက်ရှင်နေတာ မဟုတ်ဘူး။ ကျနော်တို့ဘဝတွေကို ထောင်ကျခံ ရင်းနှီးပြီးတော့ လုပ်တယ်ဆိုတာ အလကား လခ ရလို့မဟုတ်ဘူး။ ဗမာပြည်ကောင်းစားဖို့အတွက် ကျနော်တို့ လုပ်တာဖြစ်တယ်။ အဲတော့ မီဒီယာသမားတွေကို ဖိနှိပ်တိုင်း၊ ဖိနှိပ်တိုင်း ဘာနိုင်ငံမှ ဖြစ်မှာမဟုတ်ဘူး။ အခု ကျနော်တို့ တရားရုံးမှာ ရုံးချိန်းလုပ်တယ်။ ကျနော်တို့ကို တပ်ကနေပြီးတော့ ဖမ်းတဲ့ ဗိုလ်မှူးမြတ်မွန်အောင်ဟာ ရှေ့တန်းကိစ္စဆိုပြီး သူ ရုံးချိန်းပျက်ကွက်တယ်။ အဲတော့ ဘာဖြစ်လဲ၊ သူကတော့ ပျက်ကွက်တယ်လို့ပြောတယ်။ ကျနော်တို့က အချုပ်ထဲမှာ တပတ် ပိုနေလိုက်ရတယ်။ ဆိုတော့ ဒီလိုမျိုး တပ်ကလူ ၅ ယောက် ရှိတယ်၊ ၅ ယောက် ပျက်ကွက်လို့ရှိရင် ကျနော်တို့ ငါးပတ် ပိုနေရမယ်။ ပြောရမယ်ဆိုရင် တီအန်အယ်လ်အေဆိုတာ တရားမဝင်အဖွဲ့အစည်းလို့ ပြောတယ်။ တရားမဝင်အဖွဲ့အစည်းဆိုတဲ့ ၁၉၀၈ ခုနှစ် ဥပဒေအရကို တီအန်အယ်လ်အေဟာ တရားမဝင်အဖွဲ့အစည်းဆိုတာ မပြဋ္ဌာန်းထားဘူး။ ပြောရမယ်ဆိုရင် စွဲကတည်းကိုက ဒီပုဒ်မကြီးက မှားနေတယ်။ မှားနေတာကြီးကို သိသိကြီးနဲ့ အာမခံမပေးဘူးဆိုတာက သက်သက်မဲ့ ကျနော်တို့ ချောက်ထဲချပြီးတော့ နောင်လာနောက်သား မျိုးဆက်သစ်တွေကို မင်းတို့ကောင်တွေ မီဒီယာမလုပ်နဲ့၊ သူပုန်တွေနဲ့ မဆက်သွယ်နဲ့၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဆက်သွယ်နဲ့ တွေ့တယ်မဟုတ်လား၊ ဓားထိမယ်၊ ဒီမှာ သေနတ်ကြည့်ဆိုတဲ့ ပုံစံမျိုး ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ရဲဘော်တို့၊ ညီနောင်တို့ ဘာမှ ကြောက်စရာမလိုဘူး။ ကျနော်တို့သေရင် သေပါလေ့စေ မျိုးဆက်သစ်တွေ ဆက်ပြီးတော့လုပ်မယ်။ လုပ်မယ်ဟုတ်လား။”

ဒီဗွီဘီသတင်းထောက် ကိုပြည့်ဘုန်းအောင်က “သတင်းသမားတွေ သတင်းသွားယူတာ သတင်းသွားယူလို့ ထောင်ထဲမှာ ဒီနေ့နဲ့ဆို ၄၆ ရက်ရှိပြီ။ ကျနော်တို့ နေနေရတာ။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ ဒီဗွီဘီတွေ၊ ဧရာဝတီတွေ ပြောချင်တာမဟုတ်ဘူး။ သတင်းသမား၊ သတင်းလောက တခုလုံးကို ပြောချင်တာ။ သတင်းသမားတွေ သတင်းသွားယူရင် မင်းတို့ ဒီကောင်တွေကိုကြည့် မြင်တယ်မဟုတ်လား၊ သတင်းထောက်အလုပ် သတင်းသွားလုပ်တယ်။ ထောင်ထဲဝင်ရမယ်၊ ဒီပုဒ်မတွေနဲ့ မင်းတို့ တရားစွဲဆိုခံရမယ်ဆိုပြီးတော့ ပြတာ၊ ဒါ သတင်း ခြိမ်းခြောက်မှုတခု၊ သတင်းရယူခြင်း လွတ်လပ်ခွင့်တခုကို ခြိမ်းခြောက်တာပဲ ဖြစ်တယ်။”

ဧရာဝတီသတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်က “သူငယ်ချင်းတွေ တချို့ ကျနော်တို့ စိတ်ဓာတ်ကျမှာစိုးလို့ အားပေးစကား ဒီနေ့ အများကြီး ပြောဖြစ်တာပေါ့နော်။ ကျေးဇူးတင်တယ်။ အားပေးနေတဲ့ ပြင်ပက သူငယ်ချင်းတွေရော၊ အခြားသူငယ်ချင်းတွေရော၊ အကုန်ကုန် သူငယ်ချင်းတွေရော၊ ကျနော်တို့မှာ စိတ်ခိုင်ပါတယ်။ ကျနော်တို့က ဒီနိုင်ငံရဲ့ သူခိုးမှမဟုတ်တာ။ ငါတို့က သတင်းထောက်လေနော်။ ပြည်သူအတွက် လုပ်ပေးနေတဲ့ဟာ၊ ပြည်သူအတွက် စတုတ္ထမဏ္ဍိုင်ကို၊ ကျနော်တို့ စိတ်ဓာတ်ကျတာတို့ အားငယ်တာတို့ မရှိဘူး။ အမြဲစိတ်ခိုင်တယ်။ ယုံကြည်တယ်၊ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ပြည်သူတွေအတွက် လုပ်ပေးတယ်။ အားလုံးကို ကျေးဇူးတင်တယ်။”

ဒီဗွီဘီအကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးဟာ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013