DVB Logo
Home
မြန်မာသတင်း
သထုံခရိုင်အတွင်း A(H1N1) လူနာ ၂ ဦး တွေ့ရှိ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်
DVB
·
August 11, 2017
သထုံခရိုင်အတွင်း A(H1N1) လူနာ ၂ ဦး တွေ့ရှိ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်
Donate to DVB

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ AH1N1 Positive လူနာ ၂ ဦး တွေ့ရှိပြီး ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ သြဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ရာသီတုပ်ကွေးရောဂါ AH1N1 ကာကွယ်ခြင်း၊ ရောဂါဖြစ်ပွားမှု ထိန်းချုပ်ခြင်းနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “ခရိုင်ထဲမှာဆို ဖြစ်တာ ၂ ဦးရှိပြီ။ သထုံက တယောက်၊ ကျိုက်ထိုက တယောက်၊ သူတို့ကို ပဲခူးဆေးရုံကို ပို့ထားရတယ်။ လက်ရှိ အနေထားအရတော့ ရောဂါဖြစ်ပွားခဲ့တဲ့ နေအိမ်ကို ပိုးသတ်ဆေးတွေနဲ့ ပိုးသတ်မှုတွေ လုပ်နေတယ်။ သူ့ပတ်ဝန်းကျင်မှာတော့ ဖျားနာတဲ့သူတွေ ရှိ၊ မရှိ စစ်ဆေးစောင့်ကြည့်တာတွေ လုပ်နေတယ်။ ခုရောဂါဖြစ်တဲ့ နေရာဒေသမှာ ရောဂါထိန်းချုပ်နိုင်အောင် လုပ်နေတယ်။ ဒါနဲ့ တပြိုင်တည်း ဒီနေရာတွေမှာတော့ ဒီရောဂါတွေဖြစ်နေပြီး ပြည်သူတွေ သတိထား နေထိုင်ကြဖို့ အသိပညာပေးတာတွေ လုပ်နေတယ်။ နောက်တခုက ပြည်သူတွေ အရမ်းစိုးရိမ်မှု မဖြစ်အောင် သတိပေးမှုတွေ လုပ်နေပါတယ်”လို့ ပြောပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ လူနာ ၂ ဦးကို သြဂုတ်လ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ပဲခူးဆေးရုံကြီးကို တင်ပို့ထားပြီး စောင့်ကြပ်ကြည့်ရှု ကုသပေးနေပါတယ်။

ရောဂါဖြစ်ပွားတဲ့ လူနာ ၂ ဦးမှာ တဦးဟာ အသက် ၁၀ လအရွယ် မိန်းကလေးက သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်းမှာ မိဘတွေနဲ့အတူ ခဏလာရောက်နေထိုင်သူ ဖြစ်ပြီး နောက်တဦးက ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ၊ ကျွဲတဲစုမှာ နေထိုင်တဲ့ အသက် ၁၀ လအရွယ် ယောက်ျားလေး ဖြစ်ပါတယ်။

AH1N1 ရောဂါမကူးစက်နိုင်အောင် Marks တပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းထက် လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးပါ၊ လေဝင်လေထွက် ကောင်းတဲ့နေနရာမှာ နေပါ၊ အပြင်မှ ပြန်လာပါက အဝတ်အစား ချက်ချင်း လဲပါ၊ အစားကောင်းကောင်းစားပါ၊ အိပ်ရေးဝအောင် အိပ်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ၊ ကိုယ်ခံအား ကောင်းမွန်အောင် နေပါ၊ မလိုအပ်ပါက လူများတဲ့ နေရာတွေကို သွားလာမှု ရှောင်ကြဉ်ရမှာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သက်ဆိုင်ရာ မြို့နယ် ကျေးရွာများမှာ H1N1 ရောဂါ လူနာတွေ ရှိလာပါက သက်ဆိုင်ရာ မြို့နယ်ဆေးရုံများမှာ ကုသခြင်းမပြုဘဲ သက်ဆိုင်ရာဆေးရုံကို ချက်ချင်းစေလွှတ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီး သထုံခရိုင်အတွင်း H1N1 ရောဂါနဲ့ ပတ်သက်ပြီး သံသယလူနာတွေ ရှိလာပါက ယာယီထားရှိချိန်မှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013