DVB Logo
Home
မြန်မာသတင်း
ခန္တီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုတိယအကြိမ် ရေကြီး
DVB
·
August 11, 2017
ခန္တီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုတိယအကြိမ် ရေကြီး
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုတိယအကြိမ် ရေကြီးနေပြီး အနိမ့်ပိုင်းရပ်ကွက်အချို့ ပြောင်းရွှေ့နေရတယ်လို့ ခန္တီးဒေသခံ ကိုအောင်မျိုးက ဒီဗွီဘီကို ပြောပါတယ်။

“မိုးက မပြတ်ရွာနေတယ်။ ချင်းတွင်းမြစ်ရေက တက်မြန်နေတယ်။ ခုက ကျနော် နေတဲ့ ဈေးလမ်းထိပ်တော့ ရောက်နေပြီ။ ခန္တီးမြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းဖြစ်တဲ့ အောင်သာရပ်ကွက်၊ သာစည်ရပ်ကွက်ပေါ် မိုင်းရပ်ကွက်တွေ ရေဝင်ရောက်လို့ ပြောင်းရွှေ့နေရတယ်။”

ဒုက္ခသည်စခန်းတွေကိုတော့ ပေါ်မိုင်းဘုန်းကြီးကျောင်းနဲ့ မြတ်သိန်းတန်ဘုရားကုန်းတွေ ဖွင့်လှစ်ထားပြီး ဘုန်းပေါ်မိုင်းဘုန်းကြီးကျောင်းမှာတော့ အိမ်ထောင်စု ၁၀ စုလောက် ရှိနေပြီလို့ သိ၇ပါတယ်။

သတင်း -အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013