DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များကို သီပေါတရားရုံးတွင် တတိယကြိမ်ရုံးထုတ် (ရုပ်သံ)
DVB
·
August 11, 2017
ဖမ်းဆီးခံသတင်းထောက်များကို သီပေါတရားရုံးတွင် တတိယကြိမ်ရုံးထုတ် (ရုပ်သံ)
Donate to DVB



မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေ အပါအဝင် ၆ ဦးကို ဒီကနေ့မနက်က သီပေါတရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ တပ်မတော်အရာရှိ ၂ ဦးကို စစ်ဆေးဖို့ရှိနေပြီး သတင်းထောက်တွေ အာမခံရရေးအတွက် ထပ်မံကြိုးပမ်းသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။

သြဂုတ် ၉ ရက်နေ့က မြန်မာလူ့အခွင့်အရေးကော်မရှင်နဲ့ ဖမ်းဆီးခံသတင်းထောက်တွေ တွေ့ဆုံခဲ့မှု အခြေအနေတွေကို ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်က အခုလိုပြောပါတယ်။

“လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ရဲ့ ပြောကြားချက်အရ ဆိုလို့ရှိရင် သူပြောတာက ဒီနေရာမှာ၊ ဒီနေရာမှာ တပ်မတော်နဲ့ သူပုန်နဲ့ တော်လှန်ရေးအဖွဲ့အစည်းနဲ့ စစ်တိုက်နေတယ်။ ခင်ဗျားက ဒီနားကနေပြီးတော့ ကင်မရာကို ဒီလိုလည်းရိုက်လို့ရတယ်၊ ဒီလိုလည်းရိုက်လို့ရတယ်လို့ ပြောခဲ့ပါတယ်ခင်ဗျာ။ ဒါ သူတို့ရဲ့ သဘောထားပေါ့နော်။”

ဒီဗွီဘီအကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးဟာ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013