DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း A(H1N1) ရာသီတုပ်ကွေးရောဂါပိုးတွေ့လူနာ ၂၀၀ ခန့်ရှိပြီ
DVB
·
August 11, 2017
နိုင်ငံတ၀န်း A(H1N1) ရာသီတုပ်ကွေးရောဂါပိုးတွေ့လူနာ ၂၀၀ ခန့်ရှိပြီ
Donate to DVB

မြန်မာနိုင်ငံတ၀န်း  A(H1N1) ရာသီတုပ်ကွေးရောဂါပိုးတွေ့ သေဆုံး လူနာ အယောက် ၂၀ ရှိသွားပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ သြဂုတ် ၁၀ ရက်နေ့ မွန်းလွဲပိုင်းအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၅၁၀ ရှိပြီး အဲဒီထဲကနေ ရာသီတုပ်ကွေး A(H1N1) ပိုးတွေ့ လူနာစုစုပေါင်း ၁၉၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။

မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၈ ယောက်နဲ့ တခြားတိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးတွေမှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၅၈ ယောက်၊ စုစုပေါင်း ၆၆ ယောက် ဆက်လက်ဆေးဝါးကုသမှုခံယူနေပြီး အများစုက သက်သာနေပြီလို့ သိရပါတယ်။

H1N1 ပိုး တွေ့ရှိပေမယ့် ရာသီတုပ်ကွေးရောဂါ နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးတာမဟုတ်ဘဲ တခြား ရောဂါအခံတွေကြောင့် သေဆုံးသူ ၁၅ ယောက်ရှိတယ်လို့လည်း ကျန်မားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013