DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး အာမခံ ထပ်မံလျှောက်ထားမည်
DVB
·
August 10, 2017
ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး အာမခံ ထပ်မံလျှောက်ထားမည်
Donate to DVB

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေအတွက် အာမခံရရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ရှေ့နေက ပြောကြားလိုက်ပါတယ်။

သီပေါထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေရဲ့အမှုကို မနက်ဖြန် ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး တရားလိုပြသက်သေ တပ်မတော်အရာရှိ ၂ ဦးကို စစ်ဆေးပြီးရင် တရားလိုပြသက်သေ ၃ ဦးဖြစ်သွားတဲ့အတွက် အမှုက ရုပ်လုံးပေါ်လာပါပြီလို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“ပထမအကြိမ်ကတော့ ကျနော်တို့ ဒီမှာ တရားလိုကို အဓိက စစ်ဆေးခြင်းပြီးတဲ့အချိန်မှာ ကျနော်တို့က လျှောက်ခဲ့တယ်။ လျှောက်တဲ့အပေါ်မှာ တရားရုံးကနေပြီးတော့ ဒီလို အာမခံလျှောက်တာနဲ့ ပတ်သက်ပြီးတော့ ဒီအမှုက အာမခံမပေးနိုင်တဲ့အမှုမျိုး ဖြစ်တယ်။ နောက်ပြီးတော့ အမှုရဲ့ ရုပ်လုံးကလည်း မပေါ်သေးဘူးပေါ့နော်။ နောက်တချက်ကလည်းပဲ စွပ်စွဲခံထားရတဲ့ ပုဂ္ဂိုလ်တွေက ရန်ကုန်ကပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် ရုံးချိန်းမှန်မှန်လာဖို့ ဆိုတာမျိုးတွေလည်း ထောက်ပြပြီးတော့ အာမခံကို ပထမအကြိမ်တော့ ပယ်ခဲ့တယ်။ အခု ကျနော်တို့က တရားလို ဗိုလ်သက်နိုင်ဦးကို အဓိက ပြန်လည်စစ်ဆေးခြင်းလည်း ပြီးသွားပြီ။ နောက်ထပ် သက်သေနှစ်ယောက်လောက်လည်း စစ်ဆေးနိုင်မယ်ဆိုရင် အမှုက ရုပ်လုံးပေါ်လာပြီ။ အမှုရုပ်လုံးပေါ်လာတဲ့ အခြေအနေမှာ ကြည့်မယ်ဆိုရင်တော့ တရားခံတွေဟာ အာမခံလျှောက်မယ်ဆိုရင် ရနိုင်တဲ့ အနေအထားမျိုး ကျနော်တို့ဘက်က မျှော်လင့်ချက်နဲ့ အာမခံလျှောက်ဖို့ပါပဲ။”

ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့ ရုံးချိန်းမှာတော့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ အတွက် အာမခံ လျှောက်ထားမှုကို တရားရုံးက လက်မခံဘဲ ပယ်ချခဲ့တာဖြစ်ပါတယ်။

မနက်ဖြန် သီပေါတရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး တပ်မတော်က တရားလိုပြသက်သေအဖြစ် ခမရ ၅၀၃ မှ ဗိုလ်မှူးမြတ်မွန်အောင်နဲ့ ဗိုလ်သော်ဇင်တို့ တရားလိုပြ သက်သေအနေနဲ့ လာရောက်ထွက်ဆိုဖို့ ရှိပါတယ်။

တီအန်အယ်လ်အေရဲ့ မူးယစ်ဆေးဝါးဖျက်ဆီးပွဲကို သတင်းသွားယူပြီး ပြန်လာတဲ့ ဒီဗွီဘီ သတင်းထောက် ၂ ဦးနဲ့ ဧရာဝတီသတင်းထောက် ၁ ဦးပါ ၆ ဦးတို့ကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ် ရုံးချိန်းမှာတော့ စွပ်စွဲခံရသူ ၆ ယောက်ဟာ တီအန်အယ်လ်အေအဖွဲ့နဲ့ ဆက်သွယ်ပူးပေါင်းပါဝင်ခြင်း အမှန်တကယ်ရှိမရှိ ကိုယ်တိုင်တွေ့မြင်သိရှိခဲ့ခြင်း ရှိမရှိ မေးမြန်းရာမှာ တရားလိုဖြစ်သူ ဗိုလ်သက်နိုင်ဦးက မျက်စိနဲ့ တွေ့မြင်ခဲ့ခြင်းမရှိကြောင်း ထွက်ဆိုသွားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ပွဲသို့ မြို့သစ်ကျေးရွာ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့တာကို သိရှိခြင်းမရှိကြောင်းလည်း တရားရုံးမှာ ထွက်ဆိုဖြေကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013