DVB Logo
Home
မြန်မာသတင်း
H1N1 ရောဂါအခြေအနေ သုံးသပ်ချက် အစီရင်ခံစာထုတ်ပြန်မည်
DVB
·
August 10, 2017
H1N1 ရောဂါအခြေအနေ သုံးသပ်ချက် အစီရင်ခံစာထုတ်ပြန်မည်
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိပျံ့နှံ့ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး H1N1 ရောဂါနဲ့ပတ်သက်ပြီး သုံးသပ်ချက် အစီရင်ခံစာ မနက်ဖြန် ထုတ်ပြန်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး  မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို  အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။

“အခုကျွန်တော်တို့ ကြေညာတာက ဘယ်လောက်ဖြစ်တယ်။ ဘယ်လောက်တက်တယ်။ ဘယ်လောက်သေတယ်။ ဒါပဲကြေညာတယ်။ သုံးသပ်ချက်ကို မနက်ဖြန် သတင်းစာမှာပါမယ်။ ပြည်သူ့ကျန်းမာရေးဘက်က ဘယ်လိုသုံးသပ်မလဲ၊ ကုသရေးဘက်က ဘယ်လိုသုံးသပ်မလဲ၊ ဘာတွေ လုပ်နေလဲ၊ ရှေ့ဆက်ဘာလုပ်မလဲ ရေးနေတယ်။ မနက်ဖြန် သတင်းစာမှာ အပြည့်အစုံပါမယ် ” လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးထုတ်ပြန်ချက်အရ သြဂုတ် ၉ ရက်နေ့ထိ H1N1 ရောဂါပိုးတွေရှိသူ စုစုပေါင်း ၁၈၃ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013