DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်နှင့် မောင်တောတွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ၂ လ သက်တမ်းထပ်တိုး
DVB
·
August 10, 2017
ဘူးသီးတောင်နှင့် မောင်တောတွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ၂ လ သက်တမ်းထပ်တိုး
1 / 3
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ၂၀၁၆ အောက်တိုဘာလ ကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဩဂုတ် ၉ ရက်နေ့မှာ နောက်ထပ် ၂ လ သက်တမ်းတိုးထုတ်ပြန်လိုက်ပါတယ်။

မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းက “ဒီအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ရပါတယ်။ ဒီနေ့ပဲ မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ကြေညာပါတယ်ခင်ဗျ။ နောက်ထပ် ၂ လ သက်တမ်းတိုးတာပေါ့။” လို့ဒီဗွီဘီကို ပြောပါတယ်။

မောင်တောမြို့နယ်မှာ ည ၉ နာရီက နောက်နေ့ မနက် ၅ နာရီအထိနဲ့ ဘူးသီးတောင် မြို့နယ်မှာ ည ၁၀ နာရီက နောက်တနေ့ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အများပြည်သူ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ကြိုးပမ်းတဲ့ ဖြစ်စဉ်တွေကြောင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တို့က ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်နေသေးတဲ့အတွက် ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။

မြို့နယ်အတွင်း လမ်းမကြီးတွေ၊ အများပြည်သူ သွားရာလမ်းတွေ၊ လမ်းမကြီးလမ်းသွယ်၊ လမ်းကြား၊ ဥယာဉ် (သို့မဟုတ်) အများပြည်သူနဲ့ဆိုင်တဲ့ ဗလီကျောင်းနေရာတွေမှာ  ၅ ဦး သို့မဟုတ် (၅)ဦးထက်ပိုပြီး လူမစုဖို့နဲ့ သတ်မှတ်အချိန်အတွင်း ညမထွက်ဖို့ အသိပေးကြေညာ ထားပါတယ်။

မေယုတောင်တန်းမှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဇွန်လအတွင်းကလဲ လိုဏ်ခေါင်းတူးထားတဲ့ အကြမ်းဖက်သင်တန်း စခန်းတခုနဲ့ အကြမ်းဖက်သမား ၂ ဦးကို အသေမိခဲ့ပါတယ်။

ဩဂုတ် ၃ ရက်နေ့မှာ မောင်တောမြို့နယ် ကိုင်းကြီးမြိုရွာက ရွာသား ၇ယောက် သတ်ဖြတ်ခံခဲ့ရပြီးနောက်  လုံခြုံရေးအခြေအနေ ပိုလို့စိုးရိမ်လာရတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သတင်း၊ဓာတ်ပုံ-ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013