DVB Logo
Home
မြန်မာသတင်း
ဓာတ်လိုက်ခံရ၍ လက်နှစ်ဘက်လုံး ဖြတ်ပစ်ရမည့် မြန်မာအလုပ်သမား အကူအညီ လိုအပ်နေ
DVB
·
August 10, 2017
ဓာတ်လိုက်ခံရ၍ လက်နှစ်ဘက်လုံး ဖြတ်ပစ်ရမည့် မြန်မာအလုပ်သမား အကူအညီ လိုအပ်နေ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် အယုဒ္ဓယမြို့မှာ ပန်းရန်လုပ်တဲ့ မြန်မာအလုပ်သမားတဦး ပြီးခဲ့တဲ့လက ဓာတ်လိုက်ခံရပြီးတဲ့နောက် ခုရက်ပိုင်းတွင်း လက်နှစ်ဘက်လုံး ထပ်ဖြတ်ပစ်ရတော့မယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ် ပန်ခယ်ရွာသား အသက် ၃၀ ကျော်ရှိ စိုင်းလှထွန်းဟာ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့နယ်မှာ ပန်းရန်လုပ်ငန်း လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က လုပ်ငန်းခွင်မှာ ဝါယာကြိုး တက်နင်းမိတဲ့အတွက် ဓာတ်လိုက်ခံတာ ဖြစ်ပါတယ်။

သူဟာ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရခဲ့ပြီး အယုဒ္ဓယ ဆေးရုံမှာ တက်ရောက်ကုသပြီးတဲ့နောက် ဒဏ်ရာ မပျောက်ကင်းတဲ့အပြင် ခုရက်ပိုင်းတွင်းမှာ ဆရာဝန်က သူ့ကို လက်နှစ်ဘက် ဖြတ်ရတော့မယ်လို့  ပြောကြောင်း စိုင်းလှထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေ့က ကျနော်က ဆောက်လက်စ တိုက်နံရံကို ဆေးသုတ်ရတယ်ပေါ့၊ ဆေးသုတ်ပြီးတော့ ညနေ ၅ နာရီ အလုပ်သိမ်းပြီး  ကျနော်က ကြိုးနဲ့ တိုက်နံရံကို တွယ်ပြီး ဆင်းလာခဲ့တယ်၊  အပေါ်က ကြိုးကိုပဲ သတိထားနေတော့ အောက်ကို မကြည့်မိဘူး၊ မြေကြီးပေါ် ခုန်ချလိုက်တဲ့ခါ ဝါယာကြိုး နင်းမိလို့ ခြေတောက်ရော လက်တွေရော တုန်ပြီး ကျဉ်လာတယ်၊  ပြီးတော့ တအားနာလာတယ်။ မလှုပ်နိုင်တော့ လုပ်ဖော်ကိုင်ဘက်တွေက ဆေးရုံပို့ပေးတယ်၊ ဆေးရုံမှာ  ကျနော့်ကို ပုလင်းကြီး နေ့တိုင်းချိတ်ပေးတယ်။ ဒဏ်ရာတွေ ဆေးထည့်ပေးတယ်။ လက်တွေ ခြေတွေ လှုပ်လို့မရသေးဘူး။ အဲဒီမှာ သူငယ်ချင်းတွေလည်း ရေရှည်လူနာစောင့် မလုပ်နိုင်ဘူး၊ သူတို့လည်း အလုပ်သွားရမှာလေ၊ ဒါနဲ့ ကျနော့်ညီဝမ်းကွဲရှိတဲ့ ချင်းမိုင်ကို ပြောင်းလာပါတယ်၊ ချင်းမိုင် ဆွန်ဒေါက်ဆေးရုံရောက်တော့ လက်နှစ်ဘက် ဖြတ်ရမယ်လို့ ပြောပါတယ်ခင်ဗျ။ ဒီနေ့ ခွဲခန်းဝင်ရမယ်။”

သူဟာ ပတ်စပို့စ်စာအုပ်ရှိပေမယ့် အလုပ်သမားကတ် သက်တမ်းကုန်နေလို့  ဆေးရုံက ကျန်းမာရေး အာမခံငွေလည်း မရှိကြောင်း၊ အလုပ်ရှင်က အယုဒ္ဓယဆေးရုံမှာ ကုန်ကျခဲ့တဲ့ ဆေးကုသစရိတ် ဘတ်ငွေ ၈ သောင်းကျော်ကို ကုန်ကျခံပေးထားပြီး ဒီဆွန်ဒေါက်ဆေးရုံမှာလည်း ခွဲစိတ်ကုသခတွေ ပိုကုန်မှာဖြစ်ကြောင်း၊ သူလည်း နေ့စားအလုပ်သမားသာ ဖြစ်လို့ စုဆောင်းငွေ မရှိတဲ့အတွက် ဆက်လက်ကုသဖို့ရာ ဆေးဖိုး အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စိုင်းလှထွန်းရဲ့ ဇနီးဖြစ်သူမှာလည်း  ကိုယ်ဝန် ၄ လ ရှိပြီဖြစ်ပြီး သူ့ကိုသာ မှီခိုစား သောက်နေကြောင်း၊ ခင်ပွန်းဖြစ်သူက အလုပ်မလုပ်နိုင်တော့တာမို့ လောလောဆယ် ကိုယ်ဝန်တဖက်နဲ့ အလုပ်ရှာနေဆဲပဲလို့ သိရပါတယ်။

အလှူရှင်တွေအနေနဲ့ ဖုန်းနံပါတ် (ထိုင်းဖုန်း) ၀၉၄၇၃၅၁၃၁၄ နဲ့ ၀၈၄၆၇၅၉၀၃၉ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013