DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကော်မရှင်နှင့်တွေ့ဆုံပွဲ ကျေနပ်အားရမှုမရှိဟု ခူးဦးရယ်ပြော
DVB
·
August 10, 2017
ငြိမ်းချမ်းရေးကော်မရှင်နှင့်တွေ့ဆုံပွဲ ကျေနပ်အားရမှုမရှိဟု ခူးဦးရယ်ပြော
Donate to DVB

ငြိမ်းချမ်းရေးကော်မရှင် (PC) နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ရဲ့ ဆဋ္ဌမအကြိမ်အစည်းဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသာလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ကျေနပ်အားရမှု မရှိသေးဘဲ သူ့အမြင် ၀ အဆင့်သာ ရှိသေးတယ်လို့ ထင်မှတ်ကြောင်းနဲ့ တတိယအကြိမ် ကျင်းပမယ့် ပင်လုံညီလာခံကို တတ်ရောက်နိုင်ဖို့ အခုဆွေးနွေးပွဲတွေမှာကတည်းက ယုံကြည်မှုတည်ဆောက်ထားပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ချိတ်ဆက်မှု ပိုအားကောင်းအောင်လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းကတော့ ဒီဆွေးနွေးပွဲ ကျင်းပတာဟာ ဆဋ္ဌမအကြိမ်ထိ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ပိုမိုနီးစပ်မှု ရှိလာသလို အရင်ထက် ပိုမိုခရီးရောက်လာတာကြောင့် အားလုံး အတူပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အစိုးရနဲ့  DPN အဖွဲ့တို့ အစည်းအဝေးပွဲတွေကို ၂၀၁၆ ဇွန် ၃ ရက်ကနေ ၂၀၁၇ ဧပြီ ၂၈ ရက်အထိ ၅ ကြိမ်နဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေလည်းပြုလုပ်ခဲ့ပါတယ်။

တနိုင်ငံလုံးအပစ်ရပ် အန်စီအေ အပစ်ရပ်လက်မှတ်ထိုးဖို့အတွက် DPN က အစိုးရထံ အဆိုပြုတဲ့ အချက် ၈ ချက်ကို ဆွေးနွေးနေတာ တနှစ်ကျော်ကြာလာနေပြီဖြစ်ပေမယ့် ခုချိန်ထိ အဖြေရေရေရာရာ ထွက်ထွက်လာခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013