DVB Logo
Home
မြန်မာသတင်း
မယ်စကြဝဠာ မြန်မာအလှမယ်များ စစ်ဘေးရှောင်ပြည်သူများကို တွေ့ဆုံလှူဒါန်း
DVB
·
August 10, 2017
Donate to DVB

မယ်စကြဝဠာ မြန်မာအလှမယ် ၃၀ ဦးက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို မနေ့က သွားရောက်တွေ့ဆုံပြီး နှစ်သိမ့်အားပေးစကားတွေ ပြောကြားပြီး ထောက်ပံ့ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခတွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့ သိရှိ မျှဝေခံစားစေချင်တဲ့ဆန္ဒနဲ့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းကို ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်အား/ကာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်က “ဝန်ကြီးချုပ်နဲ့တွေ့တဲ့အချိန်မှာ ဝန်ကြီးချုပ်ကလည်း ဒီကို လာစေချင်တဲ့ ရည်ရွယ်ချက်က ဒီကရင်ပြည်နယ်ရဲ့ စစ်ဘေးဒုက္ခကြောင့် ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခတွေကို မြင်တွေ့စေချင်တယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့လည်း တွေ့သွားစေချင်တယ်။ ဒီလို အခက်အခဲတွေ ကြားထဲနေပြီးတော့ ကရင်ပြည်နယ်မှာ ဒီလိုလေးတွေ ရှိနေသေးတယ်။ အဲဒါလေးတွေကို မျှဝေခံစားစေချင်တဲ့ ဆန္ဒနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မယ်စကြဝဠာ မြန်မာအလှမယ် ၃၀ ဦးဟာ ရန်ကုန်မြို့မှာ ၆ ကြိမ်မြောက် ကျင်းပမယ့် ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေတာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲအတွက် အထူးအစီစဉ်တရပ်အနေနဲ့ ကရင်ပြည်နယ်ရဲ့ လူမှုရေးခရီးစဉ်အဖြစ် ရောက်ရှိလာပြီး၊ မြဝတီမြို့နယ် လေးကေကော်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော် ဆေးခန်းတို့ကို သွားရောက်ပြီး အားပေးစကား ပြောကြားပြီး ကျောင်းသုံးဗလာစာအုပ်၊ ရေသန့်ဘူး၊ အချိုရည်၊ ဆပ်ပြာ လူသုံးကုန်ပစ္စည်းတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ခရီးစဉ်အတွင်း သြဂုတ် ၁၀ ရက်နေ့ ညနေ ၆ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမမှာ TALENT SHOW ပွဲ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးရှောင်စခန်းများနဲ့ ကျန်လူမှုရေးအဖွဲ့အစည်းတွေကို ထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013