DVB Logo
Home
မြန်မာသတင်း
မြန်မာများအား သယ်ဆောင်လာသည့် ကွန်တင်နာကားတစီး မဲဆောက်တွင်ဖမ်းမိ (ရုပ်သံ)
DVB
·
August 9, 2017
မြန်မာများအား သယ်ဆောင်လာသည့် ကွန်တင်နာကားတစီး မဲဆောက်တွင်ဖမ်းမိ (ရုပ်သံ)
Donate to DVB



ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မနေ့ညက မြန်မာနိုင်ငံသားတွေကို သိုဝှက်သယ်ဆောင်လာတဲ့ ကွန်တိန်နာကားတစီး ဖမ်းဆီးရမိတယ်လို့ မဲဆောက်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ အလုပ်သမား စိစစ်မှတ်ပုံတင်ပေးတဲ့ နောက်ဆုံးရက်မှာပဲ နောက်ထပ် တရားမဝင်အလုပ်သမားတွေ သိုဝှက်တင်ဆောင်လာတာကို ဖမ်းဆီးရမိတာလို့ ထိုင်းလဝက အရာရှိတဦးက သတင်းထောက်ကို ပြောပါတယ်။

ထိုင်းအမှတ် ၁၄ အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မဲဆောက်မြို့နယ် လဝက ရဲတပ်ဖွဲ့နဲ့ မြို့နယ်သစ်တောထိန်းသိမ်းရေး အဖွဲ့ဝင်တွေဟာ မနေ့ညက မဲဆောက်မြို့နယ်အထွက် ဟွေ့ဟင်ဖွန်ဂိတ်မှာ စစ်ဆေးစဉ် ကွန်တင်နာကားထဲ ပြွတ်သိပ်ထည့်လာတဲ့  မြန်မာ ၂၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်း ထိုင်းအမျိုးသားနဲ့ ဇနီးတို့ လိုက်ပါလာတဲ့ ကွန်တိန်နာကားတံခါးသော့ကို ဖွင့်ခိုင်းရာမှာ အထဲမှာ ပြွတ်သိပ်လိုက်ပါလာတဲ့ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၂၀ ဦး၊ လမ်းမှာ အဆာပြေစားဖို့ ငှက်ပျောသီး ၂ ဖီးနဲ့ သောက်ရေတွေပဲတွေ့တယ်လို့ ဆိုပါတယ်။

ကားမောင်းသမားကို စစ်ဆေးမေးမြန်းရာမှာ သူဟာ အဲဒီမြန်မာနိုင်ငံသားတွေကို မဲဆောက်မြို့နယ်ကနေ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်ကို ပို့ဆောင်ပေးဖို့  လူတဦးက ဆက်သွယ်ငှါးရမ်းထားတာဖြစ်ကြောင်း၊ သယ်ပို့ခအနေနဲ့ လူတဦးကို ဘတ် ၁၀၀၀ စီရတယ်လို့ ဝန်ခံသွားပါတယ်။

အဲဒီကားမောင်းသမားဇနီးမောင်နှံကို ကိုယ်ရေးရာဇဝင် အချက်အလက်တွေ ယူထားပြီး ပြန်လွှတ်ပေးလိုက်ကြောင်း၊ မြန်မာ ၂၅ ဦးကိုတော့ နယ်စပ်ဖြတ်ကျော်လက်မှတ်တွေ ရှိပေမယ့် တာ့ခ်ခရိုင်လဝကရုံးက ထိုင်းနိုင်ငံထဲဝင်လာခွင့် ပိတ်ပင်လိုက်ပြီး တဘက်နိုင်ငံသို့ ပြန်ပို့မယ်လို့ ထိုင်းလဝက တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013