DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် တရားမဝင် ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိ
DVB
·
August 9, 2017
ကျိုက်ထိုတွင် တရားမဝင် ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ စစ်တောင်းတံတားအသစ်၊ အဟောင်း လမ်းဆုံမှာ သြဂုတ် ၈ ရက် မနက်ပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ပိတောက်သစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းက သိရပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်လှဘုန်းနဲ့ တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဌေးကြူနဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ ပိတ်ဆို့ ရှာဖွေရေး ဆောင်ရွက်နေချိန် ရန်ကုန်ကနေ မော်လမြိုင်ကို ယာဉ်မောင်း ကျော်နန်းအောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် သက်ကိုကိုတို့ လိုက်ပါလာတဲ့ ၁၂ ဘီးယာဉ်ကို စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာ ဖွဲခွံ၊ မြေပဲခွံတွေနဲ့ ဖုံးအုပ်ထားတဲ့ အထောက်အထားမဲ့ ပိတောက်သစ်ခွဲသားတွေ တွေ့ရှိခဲ့တာပါ။

သိမ်ဇရပ်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်အောင်စိုးက “ပဲခူးတိုင်းဘက်ကနေ တရားမဝင်သစ်တွေ ဝင်နေတယ်လို့ သတင်းရလို့ နယ်ထိန်းအဖွဲ့နဲ့ ပူးပေါင်းအဖွဲတွေက လမ်းဆုံမှာ ပိတ်ဆို့ရှာဖွေနေတုန်း မသင်္ကာတဲ့ကားကို စစ်ဆေးတာ အပေါ်က ဖွဲခွံတွေနဲ့ ဖုံးအုပ်လာတဲ့ သစ်တွေကို တွေ့လို့ စစ်ဆေးပြီး ဖမ်းဆီးထားပါတယ်” လို့ ပြောပါတယ်။

စစ်ဆေးရာမှာ ကျပ်သိန်း ၂၀ ကျော်ခန့်တန်ဖိုးရှိ ပိတောက်သစ်ခွဲသား ဆိုက်စုံ ၇၁ ချောင်း ဖမ်းဆီးရမိခဲ့ပြီး ကျော်နန်းအောင်နဲ့ သက်ကိုကိုတို့ကို စစ်ဆေးရာ ပိတောက်သားတွေကို အားတီ(စုံစမ်းဆဲ) က မော်လမြိုင်ကို ပို့ဆောင်ဖို့ စေခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းက ကျော်နန်းအောင်၊ သက်ကိုကိုနဲ့ အားတီ(စုံစမ်းဆဲ) တို့  ၃ ဦး ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013