DVB Logo
Home
မြန်မာသတင်း
အဆိုတော်ခိုင်ထူး ပါရမီဆေးရုံတွင် ကွယ်လွန်
DVB
·
August 9, 2017
အဆိုတော်ခိုင်ထူး ပါရမီဆေးရုံတွင် ကွယ်လွန်
Donate to DVB

တေးသံရှင်အဆိုတော်ခိုင်ထူးဟာ ရန်ကုန် မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ပါရမီဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေရင်း ဒီနေ့ညနေ ၃ နာရီခွဲလောက်က ကွယ်လွန်သွားပါတယ်။

အဆိုတော်ခိုင်ထူးဟာ ပန်ကရိယကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဆေးသွင်းတဲ့ဒဏ် မခံနိုင်တာကြောင့် မနေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

စစ်ကိုင်းလမ်း၊ ခတ္တာ၊ နောက်ဆုံးအိပ်မက်၊ အဝေးဆုံး၊ အားလုံးကို ကျော်ဖြတ်ရမယ် အစရှိတဲ့ သီချင်းတွေအပါအဝင် ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ အဆိုတော်ခိုင်ထူးဟာ ကွယ်လွန်ချိန်မှာ အသက် ၆၀ ကျော် ရှိပြီဖြစ်ပါတယ်။

အဆိုတော် ခိုင်ထူးဟာ သူ့ရဲ့ ပထမဆုံးတေးစုအဖြစ် ၁၉၇၉ ခုနှစ်မှာ တေးမြုံငှက်စီးရီး ထွက်ရှိခဲ့ပြီး အဉ္ဇလီ၊ သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်၊ ဆို၊ မကောင်းလည်းကိုယ်ကောင်းလည်းကိုယ်၊ မိုးရဲရင်ဆောင်းရဲရမယ်၊ ရွှေလည်တိုင်နဲ့ အားလုံးကိုကျော်ဖြတ်ရမယ် တေးစီးရီးတွေလည်း ထွက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013