DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်းတက္ကသိုလ်များတွင် ၀င်ခွင့်လျှောက်လွှာများစတင်လက်ခံ
DVB
·
August 9, 2017
နိုင်ငံတ၀န်းတက္ကသိုလ်များတွင် ၀င်ခွင့်လျှောက်လွှာများစတင်လက်ခံ
1 / 5
Donate to DVB

ရန်ကုန်တက္ကသိုလ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ် ၁၇ ခုမှာ သြဂုတ်လ ၉ ရက်နေ့ကစပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို စတင်လက်ခံပေးနေပြီဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်အနေနဲ့ ဝင်ခွင့်လျှောက်လွှာလက်ခံတာတွေကို မနက် ၉ နာရီမှ ညနေရုံးပိတ်ချိန်ထိ တက္ကသိုလ်အသီးသီးမှ ဝန်ထမ်း ၅၀ ကျော်နဲ့ လက်ခံပေးနေတာပါ။ လျှောက်လွှာတွေကိုတော့ သြဂုတ်လ ၂၅ ရက်နေ့အထိ လက်ခံသွားမယ်လို့သိရပါတယ်။

ရန်ကုန်တက္ကသိုလ်အနေနဲ့ လျှောက်လွှာလက်ခံရာမှာ ရန်ကုန်တိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ကျောင်းသားတွေအပါအဝင် တနိုင်ငံလုံးက တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေရဲ့ ဝင်ခွင့်တွေကို လက်ခံပေးနေတာပါ။

အရင်နှစ်တွေက တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာလက်ခံတာတွေကို အဆင့်မြင့်ပညာ ဦးစီးဌာနက တာဝန်ယူဆောင်ရွက်တာဖြစ်ပြီး အခုနှစ်မှ စတင်ကာ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနကနေ ဦးဆောင်ပြီး ဝင်ခွင့်လျှောက်လွှာတွေကို လက်ခံဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ-ဆုဆုသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013