အစိုးရဖြုတ်ချရေး သပိတ်မှောက်သည့် သံဃာ ၆ ပါးနှင့် လူ ၆ ဦးကို ရုံးထုတ်စစ်ဆေး (ရုပ်သံ)
DVB
·
August 9, 2017

သတင်း၊ ရုပ်သံ-အောင်အောင်နိုင်
အစိုးရဖြုတ်ချပေးရေး တောင်းဆိုသပိတ်မှောက်ခဲ့တဲ့ သံဃာ ၆ ပါးနဲ့ ကိုကျော်မျိုးဆွေပါ ၆ ဦးကို မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ပထမအကြိမ် စတင်ရုံးထုတ်ပါတယ်။
ကိုကျော်မျိုးဆွေအနေနဲ့ အာမခံလျှောက်ထားမှာဖြစ်ပြီး ပေးခြင်း မပေးခြင်းကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်တယ်လို့ ကိုကျော်မျိုးဆွေက ပြောပါတယ်။
ကိုကျော်မျိုးဆွေနဲ့အတူ ဝရမ်းထုတ်ခံထားရသူ ကိုမြင့်ဦး၊ ကိုခင်မောင်ကြည်၊ ဂျေကြီး (ခ) တင်ဇော်ကိုတို့ကို ဆက်လက်ပြီး ဖမ်းဝရမ်းတိုးပေးဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက တောင်းလာတယ်လို့ မြို့နယ်တရားသူကြီး ဒေါ်မြတ်မြတ်လွင်က ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်စစ်ဆေးဖို့ ဒုတိယအကြိမ်ရုံးချိန်းကို သြဂုတ် ၂၃ ရက်နေ့ ချိန်းဆိုထားတယ်။