DVB Logo
Home
မြန်မာသတင်း
မြန်မာအိမ်ထောင်စုများ၏ လေးပုံတပုံ အမျိုးသမီးများဦးဆောင်
DVB
·
August 9, 2017
မြန်မာအိမ်ထောင်စုများ၏ လေးပုံတပုံ အမျိုးသမီးများဦးဆောင်
Donate to DVB

မြန်မာနိုင်ငံက အိမ်ထောင်စုတွေရဲ့ လေးပုံတပုံလောက်ဟာ အမျိုးသမီးတွေဦးဆောင်နေတယ်လို့ အိမ်ထောင်စုတွေရဲ့ နေထိုင်မှုအခြေအနေနဲ့ ပတ်သက်ပြီး မနေ့က ထုတ်ပြန်တဲ့  သန်းခေါင်စာရင်း သုတေသနစာတမ်းမှာ ဖော်ပြပါတယ်။

အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေဟာ နယ်တွေမှာထက် မြို့ပြမှာ ပိုများတယ်လို့လည်း စာတမ်းအရသိပါတယ်။

မြို့ပြတွေမှာ အိမ်ငှားနေရသူပိုများပြီး နယ်တွေမှာတော့ အိမ်ပိုင်ရှိ အရေအတွက်ဟာ မြို့မှာထက် ၃ ဆကျော်ပိုများတာတွေ့ရပါတယ်။

အိမ်ခြေမဲ့သူစာရင်းကတော့ တနိုင်ငံလုံးမှာ လူဦးရေ ၁ သိန်းလောက်ရှိရာမှာ ကချင်ပြည်နယ်မှာ အများဆုံးဖြစ်ပြီး နေပြည်တော်မှာ ဒုတိယ အများဆုံးပါ။

နယ်တွေမှာ အိမ်တိုင်းလိုလိုဟာ ချက်ပြုတ်ဖို့အတွက် ထင်း၊ မီးသွေးစတာတွေကို သုံးစွဲပြီး တနိုင်ငံလုံး အတိုင်းအတာအရလည်း ၈၀ ရာခိုင်နှုန်းကျော် သုံးစွဲကြတယ်လို့ စာတမ်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လူနေအိမ်အများစုမှာ ၀ါး၊ ဓနိ၊ သက်ကယ်စတဲ့ နှစ်တိုခံ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားပြီး တနိုင်ငံလုံးက အိမ်တွေရဲ့ လေးပုံတပုံလောက်ဟာ ဝါးနဲ့ ဆောက်လုပ်ထား တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကောက်ခံခဲ့တဲ့စာရင်းအရ နိုင်ငံတဝန်းက အိမ်ထောင်စုတွေရဲ့ ထက်ဝက်လောက်မှာ ရုပ်မြင်သံကြားရှိပြီး ရာခိုင်နှုန်း ၄၀ လောက်က ရေဒီယိုပိုင်ဆိုင်ကြကာ ၃၃ ရာခိုင်နှုန်းလောက်က မိုဘိုင်းဖုန်းအသုံးပြုကြတယ်လို့စာတမ်းမှာဖော်ပြပါတယ်။ ဒါပေမယ့်  အိမ်ထောင်စု သုံးပုံတပုံလောက်ဟာ လျှပ်စစ်ဆက်သွယ်ရေးပစ္စည်းတခုမှ မရှိကြဘူးလို့ ဆိုပါတယ်။

မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစတဲ့ ခရီးသွားလာရေးအတွက် ယာဉ်ပိုင်ဆိုင်မှုမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲက အနိမ့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတာပါ။

မြန်မာအိမ်ထောင်စုတွေရဲ့ သုံးပုံတပုံကျော်လောက်မှာ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတွေပိုင်ဆိုင်ကြပြီး မော်တော်ကားပိုင်ဆိုင်မှုကတော့ လူတရာမှာ ၃ ယောက်လောက်ပဲ ပိုင်ဆိုင်ကြတယ်လို့ စာတမ်းအရသိရပါတယ်။

လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လမှာ အစိုးရက ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ အစီရင်ခံစာ ၃ ခုနဲ့ သုတေသန စာတမ်း ၁၃ ခုကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013