DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် H1N1 ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
DVB
·
August 9, 2017
ချောက်မြို့တွင် H1N1 ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ထဲမှာ ရှိတဲ့ အ.ထ.က ကျောင်းတွေမှာ H1N1 ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဟောပြောတာနဲ့ လက်ကမ်းစာစောင်တွေ ပေးဝေတာတွေကို သြဂုတ် ၈ ရက်နေ့က လုပ်ခဲ့ပါတယ်။

သြဂုတ် ၈ ရက်နေ့က မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ထဲက ကြောင်ယာတောကျေးရွာ အ.ထ.က၊ ဂွေးပင်ကျေးရွာ အ.ထ.က နဲ့ ဂွေးချိုကျေးရွာ အ.ထ.က ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေကို H1N1 ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောပေးတာနဲ့ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်တွေ ပေးဝေခြင်းတို့ကို ချောက်မြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ပညာရေး ၊ မြို့နယ် ပြန်/ ဆက်၊ မြို့နယ်တိုင်းရင်းဆေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် တိမွေး/ကု ဌာန၊ သွေးမေတ္တာ ပရဟိတ အသင်း၊ ချောက်မြို့ မနောဖြူ လူမှုကူညီရေးအသင်း၊ ဥတ္တရလူငယ်လူမှုကူညီရေးအသင်း၊ ချောက်မြို့နယ် မိခင်နှင့်ကလေး/အမျိုးသမီးရေးရာအသင်းနဲ့ သက်ဆိုင်ရာ ကျောင်းတွေက တာဝန်ရှိ ဆရာ၊ ဆရာမတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

သွေးမေတ္တာပရဟိတမှ ဦးအေးမင်းထွန်းက “H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်မှုကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောင်းတွေက ကျောင်းသား ကလေးသူငယ်တွေကို အသိပညာပေး ဟောပြောတာနဲ့ အသိပညာပေး လက်ကမ်းစာဆောင်တွေ ဖြန့်ဝေခြင်းတာတွေနဲ့ ကလေးတွေကတဆင့် မိဘတွေကို ဆင့်ပွားအသိရောက်စေတာဟာ ပြည်သူတွေကြားမှာ H1N1 ရာသီတုပ်ကွေး ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရေး ထိရောက်မှုရှိစေရန် ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သတင်း - ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013