DVB Logo
Home
မြန်မာသတင်း
အာဆီယံပေါင်းစည်းရေးဆက်လက်ပါဝင်ဆောင်ရွက်မည်ဟု မြန်မာသမ္မတကတိပြု
DVB
·
August 9, 2017
အာဆီယံပေါင်းစည်းရေးဆက်လက်ပါဝင်ဆောင်ရွက်မည်ဟု မြန်မာသမ္မတကတိပြု
Donate to DVB

 

မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ဒေသတွင်း ပေါင်းစည်းရေးလုပ်ငန်းတွေကို ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမယ်လို့ မြန်မာသမ္မတ ဦးထင်ကျော်က ကတိပြုပြောကြားလိုက်ပါတယ်။

နှစ် (၅ဝ) ပြည့် အာဆီယံနေ့ ဗီဒီယိုသဝဏ်လွှာမှာ ပြောကြားခဲ့တာ ဖြစ်ပြီး အာဆီယံရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ''အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂ဝ၂၅'' ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ကြိုးပမ်းသွားမယ်လို့လည်း မြန်မာ သမ္မတက ပြောပါတယ်။

ဒီနှစ်ပေါင်း (၅ဝ)အတွင်းမှာ အာဆီယံနိုင်ငံအားလုံးမှာ ထူးခြားတဲ့ တိုးတက်မှုတွေ ရရှိခဲ့တယ်၊  အာဆီယံ ၁ဝ နိုင်ငံရဲ့ စီးပွားရေးအင်အားဟာ ကမ္ဘာပေါ်မှာနံပါတ် (၇) နေရာကို ရောက်ရှိနေပြီး ဒီအောင်မြင်မှုဟာ အာဆီယံနိုင်ငံတွေ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုရဲ့ မှတ်ကျောက်ဖြစ်တယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ရတာအပါအဝင် အာဆီယံအသိုက် အဝန်းတည်ထောင်တဲ့လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်နိုင်ခဲ့တဲ့အတွက် အထူးပဲဝမ်းမြောက် ဂုဏ်ယူရတယ်လို့လည်း သမ္မတ ဦးထင်ကျော်က သ၀ဏ်လွှာမှာ ပြောပါတယ်။

၂၀၁၇ သြဂုတ် ၈ ရက်နေ့ဟာ အာဆီယံအတွက်  နှစ် (၅၀) ပြည့် ရွှေရတုနှစ်ပတ်လည် အာဆီယံနေ့ ဖြစ်သလို  မြန်မာနိုင်ငံအတွက်လည်း လွန်ခဲ့တဲ့ နှစ်(၂၀)က အာဆီယံအဖွဲ့ဝင်အဖြစ် စတင် ဝင်ရောက်ခဲ့တဲ့သမိုင်းဝင်နေ့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013