DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် ကြက်ဥနှင့် ကြက်သားစားပွဲတော် ကျင်းပ
DVB
·
August 9, 2017
မြောင်းမြတွင် ကြက်ဥနှင့် ကြက်သားစားပွဲတော် ကျင်းပ
1 / 8
Donate to DVB

ကြက်ငှက်တုပ်ကွေးရောဂါ ကင်းစင်ကြောင်း ပြသတဲ့အနေနဲ့ မြောင်းမြမြို့ အောင်ဆန်းလမ်း ခါတော်မီတန်ဆောင်းမှာ ဩဂုတ် ၉ ရက် ဒီကနေ့ မနက်ပိုင်းက ကြက်ဥ၊ ကြက်သားစား ပွဲတော် ကျင်းပခဲ့ပါတယ်။ ပွဲတော်ကို ‌ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေ အဓိကတက်ရောက်ခဲ့ကြပါတယ်။

“တူယှဉ်နွှဲပျော် ကြက်ဥ၊ ကြက်သားစားပွဲတော်” ဆောင်ပုဒ်နဲ့ ပွဲတော်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ စိတ်ဝင်စားသူ ပြည်သူအချို့ လာရောက်‌စားသုံးခဲ့ကြပါတယ်။ ပွဲမကျင်းပခင်မှာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမမှာ ကြက်ငှက်တုပ်ကွေး H5N1 အကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်နဲ့ ထားဝယ်ဘက်မှာ ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားမှုအချို့ ရှိခဲ့လို့ ပြည်သူတွေ စိုးရိမ်ပူပန်ပြီး စားသုံးမှု နည်းလာတဲ့အတွက် ကြက်ဥ၊ ကြက်သား အရောင်းအဝယ်တွေ ကျဆင်းခဲ့ပါတယ်။

ထားဝယ်မှာတော့ ရက်အနည်းငယ် စောင့်ကြည့်မှု ပြုလုပ်ခဲ့ပြီး ကြက်ငှက်တုပ်ကွေး ကင်းစင်ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

ထပ်မံဖြစ်ပွားတာတွေ မရှိခဲ့လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ မွေးမြူရေးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအနှံ့မှာ ကြက်ငှက်တုပ်ကွေး H5N1 အကြောင်း အသိပညာပေး ဟောပြောတာနဲ့ ရောဂါကင်းစင်ကြောင်း ကြက်ဥ၊ ကြက်သားစား ပွဲ‌တော်တွေ ကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013