DVB Logo
Home
မြန်မာသတင်း
ကံစမ်းမဲဖောက် လိမ်လည်နေသည့် ထိုင်း ၃ ဦးနှင့် မြန်မာ ၂ ဦးကို ဖမ်းဆီး
DVB
·
August 9, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တဲစုရွာ၊ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီက ဗလာမပါ ကံစမ်းမဲဖောက်မယ် ဆိုပြီး လိမ်လည်လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ မြန်မာ ၂ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ပင်းတလဲ ရဲစခန်းက ပြောပါတယ်။

တဲစုကျေးရွာနေ ဦးမောင်ချိုက “ဇူလိုင်လ ၂၇ ရက် နေ့လယ် ၂ နာရီက အမည်မသိ လူ ၅ ဦး ပရိုဘောက်ကားနဲ့ ထိုင်းနိုင်ငံလုပ် လျှပ်စစ်ပစ္စည်းတွေ တင်ဆောင်ပြီး တဲစုရွာကို ရောက်လာပါတယ်။ မဲတမဲကို တရာကျပ်နဲ့ ဗလာမပါ ကံစမ်းမဲ ဖောက်ပါတယ်။ လူတွေ စုဝေးလာတော့ ဆေးလိပ်မီးခိုးနဲ့ မူးမေ့အောင် လုပ်တယ်။ လက်ဝတ်ရတနာတွေ ချွတ်ခိုင်းတယ်။ ဒေါ်ဆယ်တင် လက်ဝတ်ရတနာ ချွတ်ပေးနေချိန်မှာ မီခိုးမရှူမိသူက သတိပေးလို့ ပြန်လည်လာတယ်။ အဲဒီလူ ၅ ဦး ထွက်ပြေးသွားကြတယ်။ ဒီနေ့ နောက်တခေါက် ထပ်ရောက်လာတော့ တဲစုရွာက လူတွေ ဝိုင်းဖမ်းပြီး ရဲစခန်း ပို့ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

စခန်းမှူး ရဲအုပ်မင်းမင်းထွေးက “ထိုင်းနိုင်ငံသား Mr.PEE PHU KHIEO CHAIYA PORN (အသက်၂၇-နှစ်)၊ Mr.NUEANG KAEOSAMRIT (အသက် ၄၄-နှစ်) Mr.KANHAKHIEO WINYU (အသက် ၃၆-နှစ်) တို့ ၃ ဦးနဲ့ မြန်မာနိုင်ငံသား မြဝတီမြို့မှာနေတဲ့ စကားပြန် လင်းလင်း ယာဉ်မောင်း စောဘိုဘိုတို့ကို ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်။ ဒေါ်ဆယ်တင်က တရားလိုလုပ်ပြီး လိမ်လည်မှုရယ်၊ လ.ဝ.က ဥပဒေ နှစ်မျိုးနဲ့ အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။

လ.ဝ.က မှူး ဦးညီညီက “၁၉၇၄ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေ အလည်အပတ်ဗီဇာနဲ့လာပြီး လည်ပတ်ခြင်းမဟုတ်ဘဲ အခြား လုပ်ဆောင်မှု ဖြစ်ပေါ်လာရင် အရေးယူတဲ့ဥပဒေပါ”လို့ ပြောပါတယ်။

ဒေါ်ဆယ်တင်က “ဆေးလိပ်မီခိုး ရှူမိပြီး တောင်းသမျှ ပေးချင်လာတယ်။ ကျန်တာတွေ  ဘာမှ မသိတော့ဘူး။ မဲတမဲကို တရာ ပေးရတယ်။ ကျုပ်နဲ့ ဖိုးရှဲ မဲပေါက်လို့ ရတဲ့ပစ္စည်းတွေကို ပေးရတဲ့ငွေက အပြင်ပေါက်ဈေးထက် ဈေးကြီးနေတယ်”လို့ ပြောပါတယ်။

ပင်းတလဲရွာရဲစခန်းက လိမ်လည်မှု ကျူးလွန်သူ ၅ ဦးကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ပြီး ထိုင်းနိုင်ငံသား ၃ ဦးကို လည်ပတ်ခြင်း ဗီဇာယူပြီး လည်ပတ်တာမဟုတ်ဘဲ အခြားနည်း လုပ်ဆောင်မှု ပုဒ်မ ၄(၂) ကို ကျူးလွန်ဖောက်ဖျက်လို့ ပုဒ်မ ၁၃(၁) နဲ့ ထပ်မံအမှုဖွင့် ထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013