
နယ်မြေချဲ့ထွင်စိုးမိုးဖို့ ကြိုးစားနေကြတဲ့ တိုင်းရင်သားမဟုတ်တဲ့ နယ်ချဲ့အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှု ဘေးရန်ကို အစိုးရက ချက်ချင်းကာကွယ်ပေးဖို့ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်မြောက်အထိမ်းအမှတ်နေ့ကို ဒီကနေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဂြစ်ဖက်ဘုန်းတော်ကြီးကျောင်းမှာ သဘောထားထုတ်ပြန် တောင်းဆို လိုက်တာပါ။
၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ခိုင်ဆန်းအောင်က “ကျနော်တို့ ရခိုင်လူမျိုး၊ မျိုးနွယ်စုတွေကျီးလန့်စာ စားနေရာတဲ့ အဆင့်ရောက်နေရပါတယ်။ ဒါကို ကာကွယ်ဖို့ အစိုးရမှာ တာဝန် အပြည့်အဝရှိပါတယ်။ လုံခြုံရေးကိုတိုးမြင့်ပြီးတော့ သူတို့ရဲ့ Action Plan နဲ့ သွားရမယ်။ အခုဖြစ်နေတဲ့ ပြဿနာက အကြမ်းဖက်မှုတွေဖြစ်နေတဲ့ပြဿနာ ဥပမာ ရပ်ကျေးရွာ တရွာကနေဖြတ်သွားရင်တောင် ဂျင်ကလိတွေပစ်မယ်၊ လေးဂွနဲ့ပစ်ခံရတာတွေက အကြမ်းဖက်တာတွေပဲ။ လူအုပ်စုနဲ့ ဝိုင်းပြီးတိုက်ခိုက်တာ။ အစိုးရအနေနဲ့ လုံခြုံရေးကို သေချာလုပ်ဖို့ လိုတယ်”လို့ ပြောပါတယ်။
ဒါအပြင့် ရခိုင်ဒေသတွေမှာ စစ်အုပ်ချုပ်အမိန့်တရပ်ထုတ်ပြန်စရာမလိုဘဲ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသတွေမှာအစိုးရက လုံခြုံရေးတင်းတင်းကျပ်ကျပ်ချပေးနိုင်ဖို့နဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ အထူးလိုအပ်တယ်လို့လည်း ဆက်လက်ပြောပါတယ်။
စစ်ချုပ်ရေးကိုအခြေခံတဲ့၂၀၀၈ဖွဲ့စည်းပုံအား ပြည်သူတရပ်လုံးလက်ခံတဲ့ အခြေခံဥပဒေ တရပ်ဖြစ်လာတဲ့အထိ ဆောင်ရွက်ရန်၊ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းရေး ညီလာခံကိုဖန်တီးပေးရန်၊ နယ်မြေချဲ့ထွင်စိုးမိုးရန် ကြိုးစားနေတဲ့ တိုင်းရင်သားမဟုတ်တဲ့ နယ်ချဲ့ အကြမ်းဖက်သမားတွေရဲ့ ဆူပူအကြမ်းဖက်မှု၊ လုယက် သတ်ဖြတ်မှု၊ အနိုင်ယူမုဒိမ်းကျင့် သတ်ဖြတ်မယ့် ဘေးရန်မှ ကာကွယ်ပေးရန်၊ ဒေသခံတိုင်းရင်းသားပြည်သူတွေ အသက်အိုး အိမ်စည်းစိမ် မထိခိုက်စေရန်နဲ့ နိုင်ငံတော် အချုပ်အခြာအာဏာ မကျဆုံးစေရေး စနစ်တကျ စီစဉ်ကာကွယ်ပေးရန်တို့ကိုလည်း ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့က အစိုးရကို တောင်းဆို ပါတယ်။
ဒီကနေ့ ၈လေးလုံး အထိမ်းအမှတ်နေ့မှာ ဂြစ်ဖက်ဘုန်းတော်ကြီးကျောင်းဆရာတော်ကြီး အပါအဝင်၊ ဒေါက်တာဦးသီဟ၊ ဆရာမဒေါ်အေးနုစိန်၊ ဦးခင်မောင်ကြီး၊ ကိုအေးသိန်းအပါအဝင် ၈၈ ကျောင်းသားကျောင်းသားဟောင်းတွေ ၃၀ ကျော်တက် ရောက်ခဲ့ကြပါတယ်။
၈၈ မှာ ကျဆုံးလေတဲ့ ရဟန်း၊ ရှင်လူ၊ ကျောင်းသားတွေကိုရည်စူးပြီး ဂြစ်ဖက် ဘုန်းတော်ကြီးကျောင်း မနက် အာရုဏ်ဆွမ်းကပ်လှူတာ၊ ဝါဆိုသင်္ကန်းကပ်လှူတာ၊ ပရိတ်တရားနာ ရေစက်ချ အမျှ အတမ်းဝေတာတွေ ပြုလုပ်ခဲ့တာပါ။
သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ခိုင်ဆန်းအောင်











