DVB Logo
Home
မြန်မာသတင်း
တိုကျိုမြို့တွင် ရှစ်လေးလုံး အရေးတော်ပုံ ၂၉ နှစ်မြောက် အခမ်းအနား ကျင်းပ
DVB
·
August 8, 2017
Donate to DVB

ဂျပန်နိုင်ငံရာက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနဲ့ လွမ်းသူ့ပန်းခွေချ ချီတက်ဆုတောင်းပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနဂဝ မှာ ပြုလုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ၂၀၀ နီးပါး ပါဝင်ပူးပေါင်းခဲ့ကြပြီး အခမ်းအနားကို ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ မဟန်နီထွန်းကတော့ “ရှစ်လေးလုံးနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွင်းမှာ အသက်ပေး လှုပ်ရှားခဲ့ကြသူ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေကို နိုင်ငံရပ်ခြား ရောက်နေပေမယ့် မမေ့မလျော့ဘဲ ဦးညွတ်ဂုဏ်ပြုချင်လို့ အခုလို စီစဉ်ကျင်းပရတာပါ”လို့ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

ပလောင်တိုင်းရင်းသား မိုင်ကျော်ဦးကတော့ “တပါတီအာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တာ ၂၉ နှစ်ရှိပေမယ့် အခု ပြည်တွင်းစစ်တွေ ရှိနေသေးတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးက အလှမ်းဝေးနေသေးတာကို ဂျပန်ပြည်သူတွေကို သိစေချင်လို့ အခုလို တိုကျို မြန်မာသံရုံးရှေ့ ချီတက်ပွဲ လုပ်ရတာ” လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013