DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်​မြို့၌ ရှစ်​လေးလုံး ဒီမိုက​ရေစီအ​ရေး​တော်​ပုံ ၂၉ နှစ်မြောက်အခမ်းအနားကျင်းပ
DVB
·
August 8, 2017
Donate to DVB

၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ပေါ်ကျောင်း ဓမ္မာရုံမှာ ဒီနေ့ မနက် ၁၀ နာရီခွဲက ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ရှစ်လေးလုံးကာလ ဒီမိုကရေစီအရေးတော်ပုံအတွင်း အသက်၊ သွေးချွေး ပေးဆပ်ပြီး ကျဆုံးခဲ့ကျတဲ့ ရဟန်းရှင်၊ ပြည်သူလူထုနဲ့ ကျောင်းသားထုကြီးကို အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူအဖွဲ့အစည်း ဗဟိုမှ ပေးပို့တဲ့ သဝဏ်လွှာ၊ ABSDF ကျောင်းသားတပ်မတော်မှ ပေးပို့တဲ့ သဝဏ်လွှာ၊ ကော့ကရိတ်မြို့နယ် NLDမှ ပေးပို့တဲ့ သဝဏ်လွှာ၊ လူဘောင်သစ် ဒီမိုကရက်သစ်ပါတီ ဗဟိုက ပေးပို့တဲ့ သဝဏ်လွှာ၊ ပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ပေးပို့တဲ့ သဝဏ်လွှာအသီးသီးကိုတာဝန်ရှိသူတွေက ဖတ်ကြားခဲ့ ပါတယ်။

အဆိုပါ အခမ်းအနားကို ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၊၊ မြဝတီမြို့နယ်တွေက တက်ရောက်လာတဲ့ ၈၈ ကျောင်းသားဟောင်းများ၊ နိုင်ငံရေးပါတီများ၊ KNU၊ DKBA လက်နက်ကိုင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မြို့ခံပြည်သူ တွေ စုစုပေါင်းအင်အား ၃၀၀ လောက်တက်ရောက်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ တက်ရောက်လာသူတွေက ဂျိုးငှက်တွေကို အသီးသီး လွှတ်ပေးခဲ့ကြပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013