DVB Logo
Home
မြန်မာသတင်း
ထိုင်း၌ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၇ သိန်းနီးပါးမှတ်ပုံတင်၊ မြန်မာလုပ်သား အများဆုံးဖြစ်
DVB
·
August 8, 2017
ထိုင်း၌ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၇ သိန်းနီးပါးမှတ်ပုံတင်၊ မြန်မာလုပ်သား အများဆုံးဖြစ်
Donate to DVB

 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်ကနေ ဒီ သြဂုတ်လ ၇ ရက်နေ့ထိ ၁၅ ရက်တာ ကာလအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လာရောက်မှတ်ပုံတင်ခွင့်ပြု ခဲ့ရာမှာ စုစုပေါင်း ၇ သိန်းနီးပါး လာရောက်စာရင်းသွင်းပြီး အများဆုံးမှာ မြန်မာနိုင်ငံက အလုပ်သမားတွေဖြစ်တယ်လို့  ပို့စ်ထူဒေးသတင်းမှာ ဖော်ပြပါတယ်။

ဒီအရေအတွက်ဟာ ဇူလိုင်လ ၇ ရက်နေ့ ညသန်းခေါင်ထိသာဖြစ်ပြီး အင်တာနက်ပေါ်ကနေ မှတ်ပုံတင်ထားတာ မရေတွက်ရသေးကြောင်း၊ စာရင်းချုပ်အားလုံးကိုတော့ ဒီကနေ့ ( သြဂုတ် ၈ ရက်)မှ သိနိုင်မှာဖြစ်ပြီး နောက်ထပ်လည်း မှတ်ပုံတင်ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ထိုင်းအ လုပ်သမား ညွှန်ချုပ် နိုင်းဝရားနွန်း ပီတီဝမ်းက သတင်းထောက်ကို ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နိုင်းဘွန်ထရစ် ဆမိတီ ကတော့ သူတို့ဖွင့် လှစ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားစိစစ်ရေး စခန်းပေါင်း ၁၀၀ ကနေ  အလုပ်ရှင်ပေါင်း ၁၉၅ ၉၉၆ ဦးမှ အလုပ်သမားပေါင်း ၆၉၄၆၂၉ ဦးအတွက်  လာရောက်စာရင်းပေးသွင်းခဲ့ကြောင်း၊ အဲဒီထဲက မြန်မာ ၄၀၂၅၄၂ ဦး၊ ကမ္ဘောဒီးယား ၂၀၃၇၃၂ ဦး၊ လောနိုင်ငံသား ၈၈၃၅၅ ဦးတို့ပါဝင်ပြီး စုစုပေါင်း ၇ သိန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

အဲဒီထဲမှာ တရိစ္ဆာန်မွေးမြူရေးလုပ်ငန်းက အများဆုံးဖြစ်ပြီး၊ အဲဒီနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ တတိယအများဆုံးကတော့ စားသောက်ဆိုင်လုပ်ငန်းတွေကဖြစ်ကြောင်း၊ အလုပ်သမားအရေအတွက် အများဆုံးခရိုင်တွေမှာ ဘန်ကောက်၊ ချွန်းပူးရီး၊ ဆမွတ်ပရကန်၊ ရယောင်း နဲ့ တာ့ခ်ခရိုင်တို့ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။၊

စမွတ်ဆာခွန်းမှာ အလုပ်သမားတွေ အများကြီးရှိပေမယ့် ခန့်မှန်းသလောက် လာပြီးမှတ်ပုံ မတင်ကြတာဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက စည်းကမ်းတင်း ကျပ်ထားတာကြောင့် စည်း ကမ်းဘောင်ထဲဝင်အောင် ဆောင်ရွက်ပြီးစီးသွားပြီလို့ ယူဆကြောင်း၊ နောက်ထပ်အထောက် အထားမဲ့အလုပ်သမားတွေကို မှတ်ပုံတင်ပေးတော့မှမဟုတ်ဘဲ ဒီသြဂုတ် ၈ ရက်ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ အမည်စာရင်းတင်သွင်းပြီးသူတွေကို လူတွေ့ခေါ်ယူစစ်ဆေးေ မးမြန်းခြင်းတွေ လုပ်သွားမယ်လို့ အတွင်းဝန်က ပြောသွားပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမားဦးရေ စုစုပေါင်း ၁.၃ သန်း၊ ပန်းရောင်ကတ်ရှိသူ ၁.၃ သန်း၊ အခုလာရောက်မှတ်ပုံတင်သူ ၇.၅ သိန်း၊ ၂၀၁၇ ဥပဒေသစ် ဖိအားပေးမှုကြောင့် လာပြီးအလုပ်ရှင်ပြောင်း၊ အလုပ်နေရာပြောင်း၊ အလုပ်သမားကတ် လာလုပ်သူတွေက စုစုပေါင်း ၃.၅  သိန်းရှိပြီး မူရင်းနိုင်ငံကနေ အမ်အိုယူစနစ်နဲ့ ၀င်ခွင့်တောင်း ထားသူပေါင်းက ၅ သိန်းရှိတာကြောင်း စုစုပေါင်းလိုက်ရင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၄ သန်း ကျော်ရှိမှာဖြစ်ပြီး ဒီအလုပ်သမား ပမာဏဟာ ထိုင်းနိုင်ငံ   အလုပ်သမား လိုအပ်ချက်အတွက် လုံလောက်မယ်လို့ ယူဆကြောင်း၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်းအနန္ဒထိုင်း ဥထိုင်းဖတ်ထနားချိပ် က သတင်းထောက်တွေကို ပြောသွားပါတယ်။

ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က  ထုတ်ပြန်လိုက်တဲ့ ဘီအီး ၂၀၁၇ အလုပ်သမား ဥပဒေသစ်မှာ ဥပဒေမလိုက်နာတဲ့ အလုပ်ရှင်အလုပ်သမားတွေ အနေနဲ့  ဒဏ်ငွေ ဘတ် ၄ သိန်းမှ ၈ သိန်းထိကျခံရမယ်လို့ သတ်မှတ်ထားတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမား သောင်းနဲ့ချီ နေရပ်ပြန်သွားခဲ့ကြပြီး  ထိုင်းအလုပ်ရှင်တွေ အလုပ်သမားပြတ်လပ်မှုပြဿနာနဲ့ ကြုံခဲ့ရပါတယ်။

ဒါကြောင့် ထိုင်းအစိုးရက အဲဒီပြဿနာဖြေရှင်းတဲ့အနေနဲ့  ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေကို ဒီနှစ်ကုန်  ၂၀၁၇ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ဆိုင်းငံ့ပေးထားပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ခေတ္တ ရပ်ဆိုင်းထားပါတယ်။

လာမယ့် ၂၀၁၈ ဇန်န၀ါရီလ ၁ ရက်နေ့ကစ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် မလိုက်နာသူတွေဟာ ပြင်းထန်စွာအရေးယူအပြစ်ပေး ခံရမှာဖြစ်ကြောင်း၊ ဒါကြောင့် အချိန်ရှိခိုက် မှတ်ပုံတင်အထောက်အထားတွေ တရာဒဥပဒေ ဘောင်ထဲဝင်အောင် ဆောင်ရွက်သွားဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောသွားပါတယ်။

မြန်မာပြည်ပြန်ပြီး အမ်အိုယူအလုပ်သမားကတ် ပြန်လုပ်သူ အလုပ်သမားတွေအနေနဲ့ ဒီဘက်က အလုပ်ရှင်ရှိပြီးသားဆိုရင် အခက်အခဲမရှိပေမယ့်၊ အလုပ်ရှင်မရှိသူတွေကတော့ လနဲ့ချီ စောင့် ဆိုင်းနေရတာရှိပြီး အစိုးရသတ်မှတ်နှုန်းထားထက်ပိုပေးရတဲ့ ပြဿနာကတော့ ခုထိရှိနေတုန်း ဘဲလို့ အေအေစီအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါ တယ်။

“မြန်မာပြည်ပြန်သွားတဲ့ အလုပ်သမားတော်တော်များများကတော့ ပြန်လာဖို့လုပ်နေတာများ ပါတယ်။ ဘာလို့လဲဆို ကျနော်တို့ဆီမှာက အလုပ်အကိုင်အခွင့်အလမ်းက မကောင်းသေးဘူးလေ၊ လစာတွေရောပေါ့။၊  အဲလိုပြန်သွားတော့ အလုပ်ရှင်ရှိတဲ့လူတွေ ဥပမာ စက်ရုံအလုပ်ရုံကဆို သူတို့ကုမ္ပဏီက တခါတည်းစာပေးလိုက်တော့ အမ်အိုယူအလုပ်သမားကတ် ပြန်လုပ်တာမြန် တယ်။ အလုပ်ရှင်မရှိတဲ့လူတွေတွေ၊ ပြည်တွင်းကနေ ထပ်လျှောက်ထားသူတွေကတော့ အကြာကြီး စောင့်ရတယ်။ တချို့ဆို နှစ်လ သုံးလ စောင့်ရတယ်။ အစိုးရသတ်မှတ်ထားတဲ့ ဈေးနှုန်း ထက် ပိုပေးရတဲ့ပြဿနာ ပွဲစားနဲ့ လုပ်ပြီး ပိုက်ဆံ ဘတ်တစ်သောင်းခွဲ၊ တစ်သောင်း ခုနှစ်ထောင်၊ တစ်သောင်းရှစ်ထောင် အဲလောက်ထိ ပေးရတာရှိတယ်ခင်ဗျ။”

ကိုးကား - ပို့စ်ထူဒေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013