DVB Logo
Home
မြန်မာသတင်း
မြိတ်ခရိုင်အတွင်း H5N1 ကင်းရှင်းသည့်အတွက် ဝက်၊ ကြက်နှင့် ကြက်ဥ ရောင်းချခွင့်ပြန်ပေး
DVB
·
August 8, 2017
Donate to DVB

မြိတ်ခရိုင်အတွင်း H5N1 ကင်းရှင်းနေတဲ့အတွက် သြဂုတ်လ ၉ ရက်နေ့ကစပြီး ဝက်၊ ကြက်နဲ့ ကြက်ဥ ရောင်းချခွင့်ကို ပြန်လည်ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။

ကြက်ငှက်တုပ်ကွေး ကင်းရှင်းတဲ့အတွက် ပြန်လည်ရောင်းချခွင့်နဲ့ အများပြည်သူစားသုံးဖို့ တိုက်တွန်းချက်တွေ ပြုလုပ်ဖို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေ တွေ့ဆုံခဲ့ပြီး အတည်ပြုချက် ပေးခဲ့တယ်လို့ သိရပါတယ်။

တိမွေးကု ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ကျော်ဇောက “တနင်္သာရီတိုင်းအတွင်းမှာ ထားဝယ်ခရိုင်မှာ ဖြစ်တယ်၊။ ဘိတ်ခရိုင်မှာတော့ ကင်းရှင်းတယ်။ သို့ပေမယ့်လည်း ခရိုင်ချင်း နီးစပ်နေတော့ ကာကွယ်မှုတွေ လုပ်ခဲ့တယ်။ ကြက်၊ ဝက်နဲ့ ကြက်ဥ တင်သွင်းခွင့်၊ စားသုံးခွင့်တွေ တားမြစ်ခဲ့တယ်။ ဒေသန္တရအမိန့်နဲ့ပေါ့။ အခု သတ်မှတ်ထားတဲ့ ရက်လည်း ပြည့်တော့မယ်။ ရောဂါအခြေအနေလည်း ကင်းရှင်းတဲ့အတွက် ပြန်လည်ခွင့်ပြုပေးမှာပါ။ ဒီတရက် နှစ်ရက်အတွင်း ခွင့်ပြုပေးတော့မှာပါ”လို့  ပြောပါတယ်။

ကွင်းဆင်း စစ်ဆေးချက်တွေ၊ စူးစမ်းထောက်လှမ်းချက်တွေ၊ ဓာတ်ခွဲခန်းအဖြေတွေနဲ့ ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ခဲ့တဲ့အတွက် မြိတ်ခရိုင်အတွင်းကို ကြက်ငှက်တုပ်ကွေး ကူးစက်လာတာ မရှိတဲ့အတွက် မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်ပြီး သြဂုတ်လ ၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ပြီး အတည်ပြုချက်ပေးခဲ့တာပါ။

“ကျနော်တို့ သြဂုတ်လ ၉ ရက်နေ့မှာ တရားဝင်ခွင့်ပြုပေးပါပြီ။ သို့သော်လည်း ကူးစက်ရောဂါတွေ မဖြစ်လာဖို့ မွေးမြူရေးသမားတွေကိုလည်း ကတိခံဝန်ချက်တွေ တောင်းခံထားပါတယ်။ တကယ်လို့ ရောဂါလက္ခဏာတခုခုတွေ့ပြီဆိုရင် တိမွေး/ကုနဲ့ တာဝန် ရှိသူတွေကို ချက်ချင်း အကြောင်းကြားဖို့ ကျနော်တို့လည်း အချိန်နဲ့တပြေးညီ ချက်ချင်း စစ်ဆေးဖို့ သက်ဆိုင်ရာ မြို့နယ်တွေကို ပြောကြားထားပါတယ်။ ခရိုင်အနေနဲ့လည်း ပေါင်းစပ်ဆောင်ရွက်မှာပါ။ ဝက်၊ ကြက်နှင့် ကြက်ဥကို သြဂုတ်လ ၉ ရက်နေ့ စပြီး တရားဝင် ရောင်းချခွင့် ပေးလိုက်ပါပြီ”လို့ ဒေါက်တာအောင်ကျော်ဇောက ပြောပါတယ်။

ဝက်၊ ကြက်နဲ့ ကြက်ဥ ပြန်လည်ရောင်းချခွင့်ပေးခဲ့ပေမယ့်လည်း အများပြည်သူ စားသုံးသူများ ယုံကြည်မှုရှိစေရန် လတ်ဆတ်တေဲ့ ကြက်၊ ကြက်ဥနဲ့ ဝက်များ ရောင်းချပေးဖို့ ရန်ကုန်မြို့က တင်သွင်းလာရာမှာလည်း သက်ဆိုင်ရာ ကုမ္ပဏီ အထောက်အထားနဲ့ မြိတ်ခရိုင်အတွင်းက တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်တွေကို မွေးမြူရေးသမားတွေက လက်ခံဖို့ စည်ပင်သာယာရေးကော်မတီနဲ့ တာဝန်ရှိသူတွေက တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013