ရှစ်လေးလုံး ၂၉ နှစ်မြောက်အခမ်းအနား မန္တလေးတွင် ကျင်းပပြုလုပ် (ဓာတ်ပုံ)
DVB
·
August 8, 2017
ရှစ်လေးလုံး ၂၉ နှစ်မြောက် အခမ်းအနားကို ဒီနေ့ မနက်ပိုင်းက မန္တလေး မဟာအောင်မြေမြို့နယ် ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ဘုန်းတော်ကြီးမူလွန်ကျောင်းမှာ ဂဠုန်နီဆရာတော်ဦးကာဝိရ အပါအဝင် သံဃာတော် ၁၇ ပါးနဲ့ နိုင်ကျဉ်းဟောင်းတွေ၊ ရှစ်လေးလုံး ကိုယ်တွေ့ကြုံခဲ့သူတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။
ဂဠုန်နီဆရာတော်မှ အရေးအခင်းကာလ အတွေ့အကြုံများကို ပြောပြဆွေးနွေးပြီ ဆရာဦးရွှေထူးမှ အမှတ်တရ စကားပြောကြားပြီး သပိတ်ခေါင်းဆောင် ကိုမိုးကျော်ကလည်း စစ်အစိုးရရဲ့ အတွေ့အကြုံတွေ ပြန်လည်ရှင်းပြခဲ့ကြပါတယ်။










