DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်
DVB
·
August 8, 2017
တနင်္သာရီတိုင်းတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီးမှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါကို ထိန်းချုပ်နိုင်ပြီလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သြဂုတ် ၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ် ၄ ရက်နေ့ကစတင်ပြီး ကြက်ခြံတွေမှာ ရောဂါဖြစ်ပွားမှုမရှိတာ လူတွေကို ကူးစက်မှုမရှိတာကြောင့် ထိန်းချုပ်နိုင်ပြီလို့ပြောဆိုတာလို့ ထားဝယ်မြို့နယ် တိမွေးကုဌာန ဦးစီးမှူး ဒေါက်တာသိန်းဇော်မင်းကပြောပါတယ်။

“ ရောဂါနောက်ဆုံး ၃ ရက်နေ့အထိပေါ့နော့် အဲဒီနေ့က နောက်ဆုံးဖြစ်သွားပြီးတော့ နောက်ထပ် အဲဒီရက်ကနေစပြီး ဒီနေ့အထိ ဆက်မဖြစ်တော့ဘူး ပေါ့နော်။  ဆက်မဖြစ်တော့တဲ့အတွက် ထိန်းချုပ်နိုင်ပြီပေါ့။ ဆရာတို့ကတော့ ဒီမွေးမြူရေးသမား တွေလည်းခေါ်ပြီးတော့ တောက်လျှောက်သတိပေးနေတာပေါ့နော်။ ဇီဝလုံခြုံမှုကို ဘယ်လိုဆောင်ရွက်ရမလဲ ဒါတွေကိုဆရာတို့က မွေးမြူရေးသမားတွေကို ဆွေးနွေးပေးတယ်။ ဒီနေ့ နေ့ခင်း ၁ နာရီမှလည်း ကြက်ဥ၊ ကြသားရောင်းတဲ့ ဒိုင်တွေဆရာတို့ ရုံးမှာ ဆက်ခေါ်ထားတယ်။ ခေါ်ပြီးတော့ ဇီဝလုံခြုံမှုနဲ့ပတ်သက်ပြီးဆက်ပြီးဆွေးနွေးဖို့ပေါ့နော်။ အဓိက ရောဂါမဖြစ်ဖို့ဆိုတာ ဇီဝလုံခြုံမှု မြှင့်တင်ဖို့လိုတာကို။ ဇီဝလုံခြုံမှုဆိုတာကတော့ အပြင်ကိုသွားမယ် ပြန်လာမယ် ခြံကိုရောက်တာနဲ့ ပိုးသတ်ဆေးတွေဖြန့်ပြီးတော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ လူတွေကို ပိုးသတ်ဆေးဖြန့်ပြီးမှ ခြံထဲဝင်တဲ့ဟာပေါ့နော်။ အပြင်က ရောဂါပိုးတွေကို ခြံထဲရောက်မလာအောင်လုပ်တဲ့ နည်းစနစ်ပေါ့။  ဒါလေးတွေကို ဆရာတို့က အထွေထွေ ဆွေးနွေးမှာပေါ့။”

H5N1 ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ လယ်ပိုင်းကနေ သြဂုတ်လ ၃ ရက်နေ့အထိ ထားဝယ်မြိုကနယ်မှာရှိတဲ့ ကြက်ခြံ ၁၄ ခြံကြက်ကောင်ရေ ၂၅၀၀၀ ကျော် ရှင်းလင်းခဲ့တယ်လို့လည်း ဒေါက်တာသိန်းဇော်မင်းကပြောပါတယ်။

လတ်တလော ရောဂါကိုထိန်းချုပ်နိုင်တဲ့အနေအထားဖြစ်ပေမယ့် ရောဂါဖြစ်ပြီး ရှင်းလင်းခဲ့တဲ့ ကြက်ခြံတွေမှာ ကြက်တွေပြန်လည်မွေးမြူမယ်ဆိုရင်တော့ ရောဂါ ထိန်းချုပ်နိုင်ရေး က နောက်ထပ်  ၃ လစောင့်ပြီးမှ ပြန်လည်မွေးမြူနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေးရောဂါ H1N1 ကလည်း ဂျပန်နိုင်ငံမှာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်တွေအရ မျိုးစိတ်အသစ်မဟုတ်ပဲ ကမ္ဘာတဝန်းလုံးဖြစ်ပွားခဲ့တဲ့ တုပ်ကွေးအမျိုးအစား တမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ထားဝယ်နဲ့ မြိတ်မြို့တွေမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေတာကြောင့် ကြိုတင် ကာကွယ်တဲ့အနေနဲ့ အခြေခံပညာမူလတန်းကျောင်းတွေကို ပိတ်ထားရာက သြဂုတ်လ ၈ ရက်နေ့မှာ ပြန်လည်ဖွင့် လှစ်မယ်လို့လည်း တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ကြက်ခြံတွေ ပြန်လည်မွေးမြူခွင့်ကိုတော့ တိုင်းဒေသကြီးကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ညီညွတ်မှသာ ကြက်မွေးမြူခွင့်ကို ခွင့်ပြုသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013