DVB Logo
Home
မြန်မာသတင်း
သင်္ကန်းဝတ်ဖြင့် အရက်မူးနေသူကို ဖမ်းဆီးအမှုဖွင့်
DVB
·
August 8, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် သဲတောဘူတာမှာ သြဂုတ်လ ၇ ရက်နေ့ ည ၉ နာရီက သင်္ကန်းဝတ်နဲ့ အရက်သေစာ သောက်စားမူးယစ်နေသူ ၁ ဦးကို ဖမ်းဆီးအမှုဖွင့်တယ်ခဲ့တယ်လို့  မြို့မရဲစခန်းက ပြောပါတယ်။

ဖြူးမြို့နယ်နေသူ ဦးစိုးဝင်း(ခ)ဦးစန္ဒိမာကို သာသနာ ညှိုးနွမ်း အကြည်ညိုပျက်အောင် လုပ်ဆောင်မှုကြောင့် မြို့နယ်သံဃာ့နာယကက သိက္ခာချ လူဝတ်လဲစေခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇေယျာမိုးမြင့်က “ညပိုင်း လှည့်ကင်းလှည့်နေတုန်း မီးရထား ဘူတာမှာ တွေ့တယ်။ ဘယ်ဘုန်းကြီးကျောင်းမှာ ရဟန်းပြုတာလဲ ဆိုတာ မပြောနိုင်ဘူး။ ဝါတော် မေးတော့ မရှိဘူးလို့ ဖြေတယ်။ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆီ ခေါ်လာခဲ့တယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ဦးစိုးဝင်းကို သာသနာအကြည်ညိုပျက်အောင် ညှိုးနွမ်းအောင် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၂၉၅(က) နဲ့ ရဲအရေးပိုင် အမှုအမှတ် ၁/၂၀၁၇ နဲ့  ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013