DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင်တိုက်ပွဲဖြစ်ပွားပြီး ရွာသူ ၁ ဦး လက်နက်ထိမှန်သေဆုံး
DVB
·
August 7, 2017
ကွတ်ခိုင်တွင်တိုက်ပွဲဖြစ်ပွားပြီး ရွာသူ ၁ ဦး လက်နက်ထိမှန်သေဆုံး
Donate to DVB

 

ရှမ်းပြည်နယ် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်မှာ သြဂုတ် ၅ ရက်က တပ်မတော်နဲ့ တီအန်အယ်လ်အေကြားတိုက်ပွဲဖြစ်ပြီး နမ့်မွန်းအုပ်စု မော်ဆောင်းရွာထဲကို လက်နက်ကြီးကျကာ အမျိုးသမီး ၁ဦးသေဆုံးသွားတယ်လို့ နမ့်ဖတ်ကာ တအာန်းစာပေ ယဉ်ကျေးမှုအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ကွတ်ခိုင်မြို့ မြောက်ဘက် မိုင် ၃၀ လောက်အကွာက နမ့်မွန်းရွာနဲ့ ပန်တမော်ရွာကြားမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ကျည်ဟာ မော်ဆောင်းရွာထဲကို ကျလာတာကြောင့် အသက် ၃၈ နှစ်ရွယ် ယာအမ်ကျင် ၀မ်းဗိုက်ကို ထိမှန်သေဆုံးပြီး သူ့အိမ်ဘေးက အသက် ၅၀ ရွယ် အမျိုးသမီး မှာတော့ ကျည်သံတွေထိတ်လန့်ပြီး မေ့မျောသွားတယ်လို့  နမ့်ဖတ်ကာ တအာန်းစာပေယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ တာ့အောင်မြတ်က ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ လှမ်းပစ်တော့ မော်ဆောင်းရွာမှာသွားကျတယ်။ အိမ်တအိမ်က အမျိုးသမီးတယောက် ဗိုက်ကိုထိပြီးဆုံးသွားတယ်လို့ ကျနော်တို့ကို အဲဒီရွာက အကြောင်းကြား ပါတယ်။ အဲဒီနေ့က လက်နက်ကြီး ၄ - ၅ ခါ ကျလာပြီး အဲဒီအသံကြားလို့ အဲဒီရွာက အသက် ၅၀ ကျော် အမျိုးသမီးလည်း လန့်ပြီးသတိမေ့သွားတယ်။ သူကတော့ ပြန်သတိရတယ်တဲ့၊ အဲဒီ အမျိုးသမီး ဆုံးသွားတာ။”

အမျိုးသမီး လက်နက်ကြီးထိမှန်ကြောင်း အကြောင်းကြားပြီး လူမှုကူညီရေးအသင်းကို အကူအညီတောင်းလာပေမယ့် တိုက်ပွဲကြောင့် သွားရောက်ကူညီဖို့ အခက်အခဲရှိကြောင်း၊ လက်နက်မှန်သူ အမျိုးသမီးဟာ လက်နက်ထိပြီး တစ်နာရီလောက်ကြာမှ ဆုံးသွားတာလို့ ဆိုပါ တယ်။

“ရွာမှာ လက်နက်ကျည်ထိတဲ့ လူနာရှိတယ်ဆို ကျနော့်ကိုလည်းအကြောင်းကြားတယ်။ ကျနော်က နမ့်ဖတ်ကာလူမှုကူညီရေးအဖွဲ့ကိုပြောတော့ သူတို့လည်း တိုက်ပွဲတွေကြား မသွားရဲဘူး လို့ပြော တယ်ဗျ။ အဲဒ့ါဘာမှဆေးမကုရဘဲ ဆုံးသွားတယ်၊ သူ့ယောကျာ်းက လက်ဘက်ခြံသွားနေတယ်တဲ့၊ သူ့မှာ ကလေး ၄ ယောက်ကျန်ခဲ့တယ်။ အဲဒီနေ့က သေနတ်သံတွေကြားတော့ ရွာသားတချို့ နမ့်ဖတ်ကာဘက်ပြေးလာတယ်။ တချို့လည်း တောထဲထွက်ပြေးတာရှိတယ်”လို့ တာ့အောင်မြတ်က ပြောပါတယ်။

ဒါ့အပြင် မနိမ်းရွာက မီးသွေးသွားဖုတ်တဲ့ အမျိုးသားတဦးလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံး သွားတဲ့ အကြောင်းနဲ့ အသေးစိပ်တော့ မသိရသေးဘူးလို့ပြောပါတယ်။

သြဂုတ် ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲကနေ မွန်းလွဲ တစ်နာရီ ၄၅ မိနစ်ထိ မြန်မာ့တပ်မတော် တပ်မ ၈၈နဲ့ မော်ဆောင်းကျေးရွာအထက်ဘက်မှာ တကြိမ်၊ မန်တုံမြို့နယ် မန်ကျော့ကျေးရွာအနီးမှာ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ် ကနေ ၁၂ နာရီခွဲထိ တကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  တီအန်အယ်လ်အေက ထုတ်ပြန်ထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013