DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုင်းရင်းသားများကို လက်နက်တပ်ဆင်ပေးရန် စစ်တွေလူထုအစည်းအဝေးဆုံးဖြတ်
DVB
·
August 7, 2017
ရခိုင်တိုင်းရင်းသားများကို လက်နက်တပ်ဆင်ပေးရန် စစ်တွေလူထုအစည်းအဝေးဆုံးဖြတ်
Donate to DVB

 

ရခိုင်တိုင်းရင်းသားတွေရဲ့လုံခြုံရေးအတွက်  အစိုးရက ပြည်သူ့စစ်ဖွဲ့စည်းပေးပြီး၊ လက်နက်တွေ တပ်ဆင်ပေးဖို့  စစ်တွေလူထု အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

လတ်တလောရခိုင်အရေးနဲ့ ပတ်သတ်လို့ သြဂုတ်၆ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရား ရင်ပြင်မှာ ကျင်းပတဲ့ လူထုအစည်းအဝေးမှာ  ဆုံးဖြတ်ချက် ၃ ရပ်ချမှတ် ခဲ့ကြတာပါ။

အဲ့ဒီချမှတ်ခဲ့တဲ့အချက်တွေကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသခံတွေမှာ ရှိတဲ့ ဒေသခံတွေကိုအစိုးရက လုံခြုံရေး အစီအမံတွေအောင်ရွက်ပေးဖို့၊ ရခိုင်တိုင်းရင်းသားတွေကို ပြည်သူ့စစ်ဖွဲ့စည်းပြီး၊ လက်နက်တွေ တပ်ဆင်ပေးဖို့အပါအဝင် ရခိုင်ဒေသမှာရှိနေတဲ့ INGO, NGO တွေထွက်ခွာကြဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံးစိစစ်ဆောင်ရွက်ဖို့ အချက်တွေပါဝင်ပါတယ်။

အဲ့ဒီအစည်းအဝေးကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အသင်းအပါအဝင် စစ်တွေလူမှုအဖွဲ့အစည်းတွေ ဒေသခံ ၄၀၀ ဝန်းကျင်က တက်ရောက်ဆွေးနွေး ခဲ့ကြပါတယ်။

ရခိုင်ဒေသမှာရှိနေတဲ့ INGOနဲ့ INGO အဖွဲ့အစည်းတွေက ဘင်္ဂလီတွေကို တဖက်သတ် ဘတ်လိုက်ပြီးအကူအညီ ပေးနေတာရှိနေတယ်လို့ ဒေသခံတွေဆိုပါတယ်။ ဒါ့အပြင် ရခိုင်ဒေသမှာ ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာရတဲ့ အကြောင်းအရင်းကလည်း INGO, NGO အဖွဲ့အစည်းတွေကပြဿနာတွေကို ဖန်တီးနေတယ်လို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်တော်များအသင်း ဦးဆောင်နာယကဆရာတော် ဦးဓမ္မိကကမိန့်ပါတယ်။

“နိုင်ငံတကာက လာပြီးတော့ မြန်မာနိုင်ငံမှာ အထူးသဖြင့် ဦးဇင်းတို့ ရခိုင်ဒေသမှာ ဒုက္ခသည်တွေကို လာပြီးတော့ ကူညီတယ်၊ စောက်ရှောက်ပါတယ်တဲ့။ ဒါပေမယ့် တဖက်သတ် အနေအားဖြင့် ပေးပြီးတော့ ပဋိပက္ခတွေကိုလည်း ကာလရှည်ကြာအောင် ဒီလိုပံ့ပိုးပေးတဲ့သဘော ဖြစ်တဲ့ဖြစ်တာကြောင်းဒီကိစ္စကိုလဲ ဦးဇင်းတို့ဒီဒေသမှာ လုံးဝဒီအဖွဲ့အစည်းတွေ မရှိလို့ ရှိရင် ဒီပြဿနာတွေအေးချမ်းသွားမယ်လို့ မြင်တဲ့အတွက်ကြောင့် ဒီကိစ္စကိုလည်း ဦးဇင်းတို့ ကန့်ကွက်မယ်၊ နောက်တခု ၁၉၈၂ ဥပဒေကိုလည်း မြန်မာနိုင်ငံအစိုးရ၊ ပြည်ထောင်စုအစိုးရ ပြည်ထောင်စုအစိုးရ အကောင်အထည်ဖော်နိုင်ဖို့အတွက်ကို ဦးဇင်းတို့ က တောင်ဆိုသွားမှာ ဖြစ်ပါတယ်။”

INGO, NGO အဖွဲ့အစည်းတွေအနေနဲ့ အခုလိုဘက်လိုက်ပြီး ဆောင်ရွက်နေတာကို ပြည်နယ်အစိုးရမှာအဓိက တာဝန်ရှိတယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုပါတယ်။

စစ်တွေလူထုအစည်းအဝေးကို တက်ရောက်ခဲ့သူစစ်တွေ ရပ်မိရပ်ဖ ဦးသန်းထွန်းက “ပြည်နယ်အစိုးရက INGO တွေအပေါ် MAOU နဲ့ ကိုက်ညီမှုရှိမရှိဆိုတာရယ်၊ တဖက်သက်ဆန်မှု မရှိဆိုတာကို အဲ့ဒီမျိုးတွေစိစစ်ပြီးတော့ တားသင့်တာကိုတား၊ ပြင်သင့်တာကိုပြင် လုပ်ပေးနိုင်ရ လိမ့်မယ်လို့ ထင်ပါတယ်။ အဲ့လိုမဟုတ်ရင် ဟိုတခါကဖြစ်သလို ထပ်ဖြစ်ကြရင် ကျနော်တို့ ရခိုင်တွေကြာရင်လူဆိုးတွေဖြစ်ကြလိမ့်မယ်။ ဒီနေရာမှာအဓိက တာဝန်ရှိတာကတော့ ပြည်နယ်အစိုးရပဲ ဖြစ်ပါတယ်။ INGO တွေအပေါ်မှာ တကယ့်ကို ထိန်းကွပ်နိုင်ရလိမ့်မယ်၊ တဖက်သတ် မဆန်အောင် စီစဉ်ဆောက်ရွက်ပေးနိုင်ရလိမ်မယ်။”

အဲ့ဒီတောင်းဆိုချက် ၃ ရပ်ကို ရခိုင်တပြည်နယ်လုံးဆန္ဒထုတ်ဖော်ဖို့လည်း အားလုံး သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒထုတ်ဖော်မည် နေ့ရက်တွေကို မဆုံးဖြစ်ရသေးဘူး လို့ အစည်းအဝေး ညှိနှိုင်းရေကော်မတီက သိရတယ်။

သြဂုတ် ၄ ရက်က ကိုင်းကြီးကျေးရွာက မြိုမျိုးနွယ်စုဝင် ၇ ဦးကို အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရပြီးနောက် ရခိုင်တိုင်းရင်းသား လူနည်းစု ကျေးရွာဖြစ်ကြတဲ့ ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ အောင်ဇေယျ စတဲ့ ကျေးရွာတွေက ဒေသခံ၃၀၀ ကျော်ဟာ ကြောက်လန့်ပြီး စေတီပြင်ကျေးရွာကို ထွက်ပြေးလာကြပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013