DVB Logo
Home
မြန်မာသတင်း
မြန်မာကျောင်းသူ တိုကျိုမြို့လယ်ကောင်တွင် ဓားထိုးခံရ (ရုပ်သံ)
DVB
·
August 7, 2017
မြန်မာကျောင်းသူ တိုကျိုမြို့လယ်ကောင်တွင် ဓားထိုးခံရ (ရုပ်သံ)
Donate to DVB

 

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သြဂုတ် (၇) ရက်နေ့က မြန်မာကျောင်းသူတဦး ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် မြန်မာကျောင်းသူတဦးကို အသက် ၂၈ နှစ်အရွယ် ရည်းစားဟောင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ အိုတဲမချီ (Otemachi) မှာ သြဂုတ်လ (၇) ရက် မနက် ၆ နာရီ ၅၀ မိနစ်မှာ ချွန်ထက်တဲ့အရာနဲ့ နောက်ကျောက ၃ ချက် အထိုးခံရမှု ဖြစ်ပွားခဲ့တာပါ။

အထိုးခံရသူ ကျောင်းသူ အမျိုးသမီးဟာ ပြန်လည်သတိရလာပါတယ်။ ပြီးခဲ့တဲ့နှစ် ၄ လပိုင်းမှာ လမ်းခွဲခဲ့ကြသူချစ်သူဟောင်းကအဆိုပါ နောက်ပိုင်းဆက်လက်နှောင့်ယှက်မှုနဲ့ ယခုနှစ် ၁ လ ပိုင်းမှာ တိုကျိုရဲစခန်းမှာ ဆွေးနွေးခဲ့ကာ သက်ဆိုင်ရာသံသယရှိသူကို ခေါ်ယူသတိပေး ထားကြောင်း တိုကျိုရဲဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သံသယဖြစ်သူ မောင်ငြိမ်းချမ်းအောင်ဟာ အခင်းဖြစ်ပွားရာ နေရာမှာ ဖမ်းဆီးခံခဲ့ပြီး ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့တာကြောင့် လူသတ်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့လည်း ဆိုပါတယ်။

အခင်းဖြစ်ပွားရာ အနီးရှိနေသူ အသက် ၆၀ အရွယ် ဂျပန်အမျိုးသားက “အထိုးခံရသူ မြန်မာကျောင်းသူရဲ့ အသိအကျွမ်း အမျိုးသားက ထိုးတာပါ။ ဒီလို ဖြစ်လိမ့်မယ် မထင်ထားမိဘူး” လို့ ပြောပါတယ်။

အဆိုပါနေရာမှာ တိုကျိုဘူတာနဲ့ မီတာ ၆၀၀ သာ ကွာဝေးပြီး အဆိုပါကျောင်းသူ အခင်းဖြစ်ပွားရာ နေရာအနီးမှာ မနက်ပိုင်း သန့်ရှင်းရေးအလုပ် လုပ်ဖို့ သွားချိန်မှာ ကြိုတင်စောင့်ဆိုင်းက ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဒေသမှာ အစိုးရရုံးများစိုက်ရာ နေရာ ဖြစ်သဖြင့် သက်ဆိုင်ရာ လုံခြုံရေးကား အများအပြား ချက်ချင်း ရောက်ရှိပိတ်ဆို့ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ၂၀၁၆ ခုနှစ်အတွင်း လာရောက် ပညာသင်ကြားနေသူ မြန်မာနိုင်ငံသား ၄ ထောင်နီးပါး ရှိတယ်လို့ တိုကျို လ.ဝ.က က ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013