DVB Logo
Home
မြန်မာသတင်း
Myanmar Now အယ်ဒီတာချုပ်အမှု တရားလို ဖမ်းဆီးခံရ
DVB
·
August 7, 2017
Myanmar Now အယ်ဒီတာချုပ်အမှု တရားလို ဖမ်းဆီးခံရ
Donate to DVB

 

Myanmar Now သတင်းဌာန အယ်ဒီတာချုပ်  ဦးဆွေဝင်းကို တရားလိုပြု တိုင်ကြားခဲ့တဲ့ ဦးကျော်မျိုးရွှေ ဖမ်းဆီးခံလိုက်ရလို့ အမှုကို လာမယ့် သြဂုတ် ၂၁ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်။

ဦးကျော်မျိုးရွှေဟာ အစိုးရနုတ်ထွက်ပေးရေးဆန္ဒပြတဲ့ မန္တလေးက ထိုင်သပိတ်မှာပါဝင်လို့ အမှတ် ၁၀ ရဲစခန်းက ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ပြီး တိမ်းရှောင်နေတာကြောင့် တရားခံပြေးအဖြစ် ဝရမ်းထုတ်ခံထားတာပါ။

ဒီကနေ့မနက်သူတရားရုံးကိုရောက်လာရာမှာ ရဲကမဖမ်းလို့ တရားသူကြီးကို လျှောက်ထားမှ ရဲတွေက ဖမ်းဆီးတာလို့ ဦးဆွေဝင်းရဲ့ရှေ့နေဦးခင်မောင်မြင့်ကပြောပါတယ်။

“ ဒီနေ့ကတော့ တရားလိုကို စစ်မယ့်ရုံးချိန်းပါ။ ဒါပေမယ့် သူက ဝရမ်းပြေးဖြစ်နေပြီး တရားရုံးကို ရောက်လာတော့လည်း ရဲတွေက မဖမ်းတာကြောင့် ဖမ်းဆီးဖို့အမိန့်ချပေးဖို့ တရားသူကြီးကို လျှောက်တော့ အမိန့်ချပေးမှ အမှတ် ၇ စခန်းက ဖမ်းပြီး အမှတ် ၁၀ စခန်းကို လွှဲပေးခဲ့တာပါ။ သူပြန်ရောက်လာမလားလို့ စောင့်နေသေးတယ်။ ရောက်မလာတော့မှ လာမယ့် ၂၁ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်” လို့ ပြောပါတယ်။

ဦးကျော်မျိုးရွှေဟာ အိမ်မှာ ရှိနေပြီး ရုံးချိန်းကိုလာဖို့ သမ္မာန်စာကို လက်ခံခဲ့ပေမယ့် သူ့အိမ်ရှိရာ အမှတ် ၇ နယ်မြေစခန်းက မဖမ်းခဲ့သလို သူ့ကို အမှုဖွင့်ခဲ့တဲ့ အမှတ် ၁၀ နယ်မြေရဲစခန်းကလည်း ထိထိရောက်ရောက် ရှာဖွေဖမ်းဆီးတာ မလုပ်ခဲ့ဘူးလို့လည်း ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

လာမယ့် ရုံးချိန်းမှာတော့ အချုပ်တရားခံအဖြစ်ရောက်လာမလားဆိုတာကို စောင့်ကြည့်ရမယ်လို့လည်း သူက ပြောပါတယ်။

ဖမ်းဆီးခံရပြီး တရားရုံးက အထွက်မှာ တရားလိုကနေ တရားခံဖြစ်သွားပြီလို့ ဦးကျော်မျိုးရွှေက မီဒီယာတွေကို ပြောပါတယ်။

ဦးဆွေဝင်းက ဖေ့ဘွတ်မှာ ဦးဝီရသူကို ဝေဖန်လို့ဆိုပြီး ဦးကျော်မျိုးရွှေက မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က တိုင်ကြားခဲ့တာပါ။ ဒီအပေါ်မှာ ဦးဆွေဝင်းက သာသနာရေး ဝန်ကြီးဌာနကို သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး အချက် ခုနစ်ချက်ပါတဲ့ အကြောင်းပြန်စာမှာ ဦးဆွေဝင်းဟာ ဦးဝီရသူကို အသရေဖျက်ရာမရောက်ဘူးလို့ ဖော်ပြထားပါတယ်။

အဲဒီနောက်မှာတော့ ဇူလိုင် ၃၀ ရက် ညပိုင်းမှာ ဦးဆွေဝင်းကို မင်္ဂလာဒုံ ရဲစခန်းက ဖမ်းဆီးပြီး မန္တလေးကို ပို့ဆောင်ခဲ့တဲ့နောက် အခုလို တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013