DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 7, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပဲစင်းငုံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၅၇၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၉,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မတ်ပဲ
မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၇၅၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၇၅၀ ကနေ ၂,၂၅၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၅ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၂,၀၅၀ ပေါက်ဈေးရှိပါတယ်။

ငရုတ်ပွ
ငရုတ်ပွကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၄,၆၀၀ ကျပ်ကနေ ငွေကျပ် ၅,၀၀၀ ပေါက်ဈေးရှိပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၇၀၀ ကနေ ၂၇၅၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၁၅,၀၀၀ ကနေ ၁၃၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

စွန်တာပြာ
စွန်တာပြာက ဒီနေ့မှာ ၁ အိတ်ကို ၈၀,၀၀၀ ကနေ ငွေကျပ် ၈၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013