DVB Logo
Home
မြန်မာသတင်း
H1N1ရောဂါကြောင့် ၁၅ဦး​သေဆုံး၊ ထိန်းချုပ်နိုင်သည့် အနေအထားရှိဟု ကျန်းမာရေးဝန်ကြီးပြော
DVB
·
August 7, 2017
H1N1ရောဂါကြောင့် ၁၅ဦး​သေဆုံး၊ ထိန်းချုပ်နိုင်သည့် အနေအထားရှိဟု ကျန်းမာရေးဝန်ကြီးပြော
Donate to DVB

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးမှုတွေရှိနေပေမယ့် အခြေအနေဆိုးရွားခြင်းမရှိသေးဘဲ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး ပြောပါတယ်။

“အခုလောလောဆယ်တော့ ထိန်းချုပ်နိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ကျနော်အမြဲတမ်း ပြောတယ်။ တွေ့တယ်ဆိုတာ ရေခဲတုံးလိုပဲ၊ ဆယ်ပုံတစ်ပုံက အပေါ်ရောက်နေတယ်။ ဆယ်ပုံကိုးပုံက အောက်မှာရောက်နေတယ်။ ကိုးပုံ ဆယ်ပုံအောက်က ဘယ်လောက်ကြီးလည်း ဆိုတာ ကျနော်တို့ မသိဘူး။ သို့သော် အခုအခြေအနေမှာတော့ သေဆုံးမှုက ၁၅ ဦးဘဲရှိတယ်။ နောက်နည်းနည်းတော့ သေချင်သေမှာပေါ့လေ။ ၁၅ ဦးရှိတယ်။ တက်လာတဲ့ဟာတွေကို အသေးစိတ်ကျနော်တို့ လေ့လာနေတယ်။ အခြေအနေဘယ်လိုရှိလဲ။ အကြမ်းအားဖြင့် ပြောရရင်တော့ အခြေနေသိပ်မဆိုးသေးပါဘူး။”

မြန်မာနိုင်ငံပြည်သူတွေ စိုးရိမ်နေတဲ့ရာသီတုပ်ကွေး H1 N1 ရောဂါဖြစ်ပွားမှုဟာ အရေးပေါ် အခြေအနေသတ်မှတ်ကြေညာဖို့ အဆင့်အထိ ဖြစ်ပွားနေတာမျိုးမဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ်ထက် အနည်းငယ်သာပိုတဲ့ အဆင့်မှာရှိနေသေးတယ်လို့လည်း ပြည်ထောင်စု ဝန်ကြီးက ဆိုပါတယ်။

“ဒါရိုးရိုး ဖြစ်ရိုးဖြစ်စဉ်ထက် နည်းနည်းလေးပိုတဲ့ အဆင့်ဘဲရှိသေးတယ်။ ဟိုအဆင့် သတ်မှတ်လို့ မရသေးဘူး။”

လက်ရှိအချိန်မှာတော့ H1N1 တုပ်ကွေးရောဂါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးသတိ ပိုမိုရှိလာပြီး ရောဂါကာကွယ်ရေးနဲ့ ကုသရေးအပိုင်းမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ NGOs အဖွဲ့အစည်းတွေကပါ ပူးပေါင်းပါဝင်လာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအတွက် များစွာအကျိုးရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ သြဂုတ် ၆ ရက်မွန်းလွဲပိုင်းထိ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူ ၁၄၆ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိနေပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013