DVB Logo
Home
မြန်မာသတင်း
A(H1N1) သံသယ လူနာ ၃၂ ဦးကို ဓာတ်ခွဲစစ်ရေးရာ ပိုးတွေ့ရှိသည့်လူနာ ၁၀ ဦး တိုးလာ
DVB
·
August 7, 2017
A(H1N1) သံသယ လူနာ ၃၂ ဦးကို ဓာတ်ခွဲစစ်ရေးရာ ပိုးတွေ့ရှိသည့်လူနာ ၁၀ ဦး တိုးလာ
Donate to DVB

A(H1N1) ရောဂါကြောင့် တနိုင်ငံလုံး အတိုင်းအတာအရ သံသယ လူနာ ၃၂ ယောက်ကို ဓာတ်ခွဲ စစ်းသပ် စစ်ဆေးခဲ့ရာမှာ ပိုးတွေ့လူနာ ၁၀ ယောက် တိုးလာပါတယ်။

သေဆုံးသူ အရေအတွက်ကတော့ ၁၅ ယောက်မှာပဲ ရပ်တန့်နေပါတယ်။ ဒါကြောင့် သြဂုတ်လ ၆ ရက်နေ့အထိ  လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက် ကုသသူ ၃၈၇ယောက် ရှိပြီး အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့  လူနာစုစုပေါင်း ၁၄၆ ယောက် ရှိတယ်လို့ ကျန်မားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အသက်အပိုင်း အခြားအရ အသက် ၅ နှစ်အောက်မှာ သေဆုံးသူ ၂ ယောက် အသက် ၅ နှစ်နဲ့ ၁၂ နှစ်ကြားမှာ သေဆုံးသူ ၂ ယောက်နဲ့  အသက် ၁၃ နှစ်မှ ၆၅ နှစ်ကြာမှာ သေဆုံးသူ ၁၁ ယောက်ဖြစ်တာကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါနဲ့ ဆေးရုံ တက်ရောက် ကုသသူများထဲမှာ သေဆုံးမှုနှုန်းမှာ ၃ ဒသမ ၉ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ)မှာ H1N1 ပိုးတွေ့ အတွင်းလူနာ ၂၅ ယောက်နဲ့ တခြားတိုင်းဒေသကြီး၊ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၃၉ ယောက်၊ စုစုပေါင်း ၆၄ ယောက် ဆက်လက်ဆေးဝါးကုသမှု ခံယူနေပြီး အများစုဟာ မကြာခင်မှာ ဆေးရုံကနေ ဆင်းနိုင်မယ့် အနေအထားရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေးဆန်သော လက္ခဏာတွေ၊ ပြင်းထန်ရာသီတုပ်ကွေး aရာဂါလက္ခဏာတွေ ဖြစ်ပွားတယ်လို့ ထင်မှတ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွေကို ချက်ချင်းသတင်းပေးပို့ ဆေးကုသမှု ခံယူကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013